လားရိႈးၿမိဳ႕ျပင္တြင္ ပစ္ခတ္မႈမ်ားျဖစ္ေန၍ ဆီဆိုင္မီးေလာင္မႈကူညီရန္သြားသည့္ မီးသတ္ယာဥ္ႏွင့္ လူမႈကူညီေရးအသင္းကားမ်ား ေနာက္ျပန္လွည့္လာရ

လားရိႈးၿမိဳ႕ျပင္တြင္ ပစ္ခတ္မႈမ်ားျဖစ္ေန၍ ဆီဆိုင္မီးေလာင္မႈကူညီရန္သြားသည့္ မီးသတ္ယာဥ္ႏွင့္ လူမႈကူညီေရးအသင္းကားမ်ား ေနာက္ျပန္လွည့္လာရ
သြဂုတ် 17, 2019
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ လားရိႈး - သိန္းနီ ျပည္ေထာင္စုလမ္း ဟိုပိတ္ေက်းရြာအနီး (၁၂)  မိုင္ရဲကင္းအနီးတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၇)ရက္ေန႔ နံနက္ပိုင္းက ပစ္ခတ္မႈေၾကာင့္ မီးေလာင္သည့္ ဆီဆိုင္အား ၿငိႇမ္းသတ္ရန္သြားသည့္ မီးသတ္ကားႏွင့္ လူမႈကူညီေရးအသင္းကားမ်ား ပစ္ခတ္မႈေၾကာင့္ ေနာက္ျပန္လွည့္လာရသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ မီးၿငိႇမ္းသတ္ရန္သြားသည့္ မီးသတ္ယာဥ္ႏွင့္ လူမႈကူညီေရးအသင္းယာဥ္မ်ားမွာ လားရိႈးနည္းပညာတကၠသိုလ္အနီးမွ ေရွ႕ဆက္သြား၍မရသျဖင့္ နံနက္ (၁၀)နာရီကတည္းက ေစာင့္ဆိုင္းေနရာမွ အသင္းကားမ်ားရိွရာဘက္သို႔ ပစ္ခတ္လာသျဖင့္ ေနာက္ျပန္လွည့္လာရေၾကာင္း သိရသည္။

TNLA၊ AA ႏွင့္ MNDAA အဖြဲ႕မ်ားက ၾသဂုတ္လ (၁၅)ရက္ေန႔တြင္ မႏၱေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီးတစ္ေလွ်ာက္တြင္ တုိက္ခုိက္မႈမ်ားျပဳလုပ္ခဲ့ၿပီးေနာက္ ၾသဂုတ္လ (၁၆)ရက္ေန႔ညပိုင္းက ေက်ာက္မဲၿမိဳ႕အဝင္ႏွင့္ ၾသဂုတ္လ (၁၇) ရက္ေန႔ နံနက္ပိုင္းတြင္ လားရိႈး - မူဆယ္လမ္းပိုင္းရိွ ကြတ္ခိုင္ၿမိဳ႕အနီးႏွင့္ လားရိႈး - ခ်င္းေရႊေဟာ္လမ္းပိုင္းတစ္ေလွ်ာက္ တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြားေနျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လားရှိုးမြို့ပြင်တွင် ပစ်ခတ်မှုများဖြစ်နေ၍ ဆီဆိုင်မီးလောင်မှုကူညီရန်သွားသည့် မီးသတ်ယာဉ်နှင့် လူမှုကူညီရေးအသင်းကားများ နောက်ပြန်လှည့်လာရ
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ လားရှိုး - သိန်းနီ ပြည်ထောင်စုလမ်း ဟိုပိတ်ကျေးရွာအနီး (၁၂)  မိုင်ရဲကင်းအနီးတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုကြောင့် မီးလောင်သည့် ဆီဆိုင်အား ငြိှမ်းသတ်ရန်သွားသည့် မီးသတ်ကားနှင့် လူမှုကူညီရေးအသင်းကားများ ပစ်ခတ်မှုကြောင့် နောက်ပြန်လှည့်လာရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးငြိှမ်းသတ်ရန်သွားသည့် မီးသတ်ယာဉ်နှင့် လူမှုကူညီရေးအသင်းယာဉ်များမှာ လားရှိုးနည်းပညာတက္ကသိုလ်အနီးမှ ရှေ့ဆက်သွား၍မရသဖြင့် နံနက် (၁၀)နာရီကတည်းက စောင့်ဆိုင်းနေရာမှ အသင်းကားများရှိရာဘက်သို့ ပစ်ခတ်လာသဖြင့် နောက်ပြန်လှည့်လာရကြောင်း သိရသည်။

TNLA၊ AA နှင့် MNDAA အဖွဲ့များက သြဂုတ်လ (၁၅)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် သြဂုတ်လ (၁၆)ရက်နေ့ညပိုင်းက ကျောက်မဲမြို့အဝင်နှင့် သြဂုတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် လားရှိုး - မူဆယ်လမ်းပိုင်းရှိ ကွတ်ခိုင်မြို့အနီးနှင့် လားရှိုး - ချင်းရွှေဟော်လမ်းပိုင်းတစ်လျှောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net