သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျေးရွာနှင့် ရပ်ကွက်များအတွင်း ကျရောက်ပြီး နေအိမ် ၃ လုံးပျက်စီး

သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျေးရွာနှင့် ရပ်ကွက်များအတွင်း ကျရောက်ပြီး နေအိမ် ၃ လုံးပျက်စီး

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ ကျေးရွာနှင့် ရပ်ကွက်များအတွင်းသို့ ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၂)ရက်ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ကပစ်ခတ်သည့် လက်နက်ကြီးကျည်ကျပြီး အရပ်သားနေအိမ်(၃)လုံး ထိခိုက်ပျက်စီးသွားကြောင်း KNU တပ်မဟာ(၂)ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ သံတောင်ကြီးမြို့နယ် ဘုရင့်နောင်တပ်စခန်းအတွင်းမှ လက်နက်ကြီး(၃)လုံးဖြင့် ပစ်ခတ်ခဲ့ရာ သံတောင်ကြီးမြို့နယ်အနီးရှိ ရွာဘေးတွင်(၂)လုံး၊ သံတောင်ကြီးမြို့ရှိ ရပ်ကွက်(၁)အတွင်းသို့ တစ်လုံး ကျရောက်ပေါက်ကွဲပြီး နေအိမ်(၃)လုံးပျက်စီးကာ လူထိခိုက်မှုမရှိခဲ့ဟု သိရသည်။

#TachileikNewsAgency

Photo :Thaw Thi Kho