ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်
အောက်တိုဘာ 14, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၂)ရက်နှင့် (၁၃)ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပေါက်အူရွာသို့ ရောက်ရှိလာသည့် အင်အား(၈၀)ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ပြန်လည်ဆုတ်ခွာသွားကြောင်း Myingyan Black Tigerက ယနေ့ အောက်တိုဘာလ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့သည် အင်အားထပ်ဖြည့်ကာ ထပ်မံထိုးစစ်ဆင်လာသဖြင့် အောက်တိုဘာလ (၁၃)ရက်နေ့တွင် လှေခုတ်ရွာ၌ တိုက်ပွဲဆက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိကာ Myingyan Black Tigerအဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။

တိုက်ခိုက်မှုကို Myingyan Black Tiger၊ Popa Production & Guerilla Force(PPGF)၊ TLK ပြောက်ကျားတပ်၊ LY-PDF၊ ဗိုလ်ခြောက်ဆယ်၊ Bright Stars Group၊ Royal Eagle People Defence Force၊ ဗိုလ်ခြောက်ဆယ် ပြောက်ကျားတပ်၊ နဂါးညီနောင်တပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း (၃)၊ Urban Underground Revolution Force.UURF.YSO၊ ရွှေညာမြေ အထူးကိုမန်ဒိုတပ်ဖွဲ့နှင့် အခြားသော ညီနောင်မဟာမိတ်အင်အားစုများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency