ကရင်နီပြည်နယ် ကြားကာလဖွဲ့စည်းပုံရေးဆွဲရေးကော်မတီဖွဲ့စည်း

ကရင်နီပြည်နယ် ကြားကာလဖွဲ့စည်းပုံရေးဆွဲရေးကော်မတီဖွဲ့စည်း
အောက်တိုဘာ 24, 2023 | 2021 Military Coup| ကယား

ကရင်နီပြည်နယ် အသွင်းကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီကို ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီထံမှ သိရသည်။

အဆိုပါကော်မတီကို (၁၅)ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ဥက္ကဌအဖြစ် အောင်ဆန်းမြင့်၊ တွဲဖက်အတွင်းရေးမှူး အဖြစ် ခူးပိုးရယ်နှင့် အဖွဲ့ဝင်များအဖြစ် ဦးဌေးအောင်၊ မူအန်းဂျလာ၊ မော်သဲမာ၊ မော်ငါးမယ်၊ ရိုစီ၊ ခွန်ဘားနဒ်ဘုတ်၊ ဘိုဘို၊ နော်ဆလေ၊ ခူးကိုရယ်(ကိုနို)၊ ရယ်ဆောင်းဦး၊ ခွန်းဘီထူး၊ ဇူးပဒုမ္မာနှင့် နော်ဖော်ဝါးတို့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ (၆)ရက်နေ့ကလည်း ကရင်နီပြည် အတိုင်ပင်ခံကောင်စီ၏ နိုင်ငံရေးဦးဆောင်မှု၊ မူဝါဒများဖြင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ-Interim Executive Council of Karenni State(IEC)ကိုဖွဲ့စည်းခဲ့သည်။

ကြားကာလပြည်နယ် အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်သွားရန်၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများကို အပြန်အလှန်ထိန်းညှိပြီး ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွားရန်၊ ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးနှင့် လက်တွေ့ကျစွာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် ရည်ရွယ်ချက်တို့ဖြင့် ဖွဲ့စည်းခဲ့သည်။ 

၎င်းကြားကာလပြည်နယ်အစိုးရတွင် ဥက္ကဌ ခူဦးရယ်၊ ဒု-ဥက္ကဌ ခွန်းဘီထူး၊ အထွေထွေအတွင်းရေးမှူး ခူပလုရယ်၊ အတွင်းရေးမှူး (၁) ဇူးပဒုမ္မာ၊ အတွင်းရေးမှူး (၂) ဗညားခွန်အောင်၊ ဘဏ္ဍာရေးမှူး မော်ဖိုးမြာ စသည့် ကောင်စီအဖွဲ့ဝင် (၆)ဦးဖြင့် ကနဦးဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : Karenni State Consultative Council-KSCC