ကိုးကန့် ဟုန်ရှင်းဒေသ ချုံကန်ကို MNDAAက ပြန်လည်ထူထောင်ရေးစတင်

ကိုးကန့် ဟုန်ရှင်းဒေသ ချုံကန်ကို MNDAAက ပြန်လည်ထူထောင်ရေးစတင်
နိုဝင်ဘာ 21, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ဟုန်ရှင်းဒေသ ချုံကန်ပတ်ဝန်းကျင်ရှိ ဒေသခံများ နေရပ်သို့ပြန်လည်ဝင်ရောက်လာပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း MNDAAထံမှ သိရသည်။

ချုံကန်ဒေသရှိ စစ်ကောင်စီတပ်စခန်းနှင့် အုပ်ချုပ်ရေးကို ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၂)ရက်‌နေ့တွင် MNDAAက တိုက်ခိုက်သိမ်းယူလိုက်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်လာခြင်းဖြစ်သည်။

ထို့အပြင် MNDAAက သိမ်းပိုက်ထားပြီးဖြစ်သည့် မော်ထိုက်နှင့် ချုံကန်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ဒေသခံများ နေထိုင်စားသောက်ရေး၊ မွေးမြူရေးနှင့် ပညာသင်ကြားနိုင်ရေးများ ပြန်လည်ဆောင်ရွက်ရန် အုပ်ချုပ်ရေးပိုင်းက စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဟု သိရသည်။

#TachileikNewsAgency

Photo : The Kokang