AA အရာရှိသင်တန်းကို ရခိုင်ပြည်နယ်တွင် ပထမဆုံးပြုလုပ်

AA အရာရှိသင်တန်းကို ရခိုင်ပြည်နယ်တွင် ပထမဆုံးပြုလုပ်

ရက္ခိုင့်တပ်တော် အရာရှိလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၃)အား သင်တန်းသား(၃၂၆)ဦးဖြင့် ရခိုင်ပြည်နယ်တွင် ပထမဆုံးအကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အဆိုပါ သင်တန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့မှ စတင်၍ သင်တန်းသူ၊ သင်တန်းသား(၃၂၆)ဦးဖြင့် ရခိုင်ပြည်နယ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇွန်လ (၁၉)ရက်နေ့တွင် အရာရှိလောင်းအဖြစ် အသိအမှတ်ပြု အခမ်းအနားကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရက္ခိုင့်တပ်တော်က အရာရှိလောင်းလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁)နှင့် အမှတ်စဉ် (၂)တို့ကို ကချင်ပြည်နယ်တွင် လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းအမှတ်စဉ် (၃)ကိုမူ ရခိုင်ပြည်တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ရက္ခိုင့်တပ်တော် အရာရှိဖြစ်သင်တန်း အမှတ်စဉ် (၄)ကိုလည်း လာမည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်သွားရန် လျာထားပြီး ဖွင့်လှစ်မည့်အချိန်အား အာရက္ခပြည်သူ၊ ပြည်သားများအား အသိပေးသွားမည်ဟုဆိုသည်။

ရက္ခိုင့်တပ်တော် အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းအား (၉)နှစ်မြောက်၊ ရက္ခိုင့်တပ်တော်နေ့ဖြစ်သော ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့တွင် သင်တန်းသူ၊ သင်တန်းသား (၁၃၈)ဦးဖြင့် ကချင်ပြည်၌ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency