ကျောက်မဲတွင် COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်မလိုက်နာသည့်ဆိုင် (၁၆) ဆိုင်ကို အရေးယူထား

ကျောက်မဲတွင် COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်မလိုက်နာသည့်ဆိုင် (၁၆) ဆိုင်ကို အရေးယူထား
အောက်တိုဘာ 28, 2020
By Tachileik News Agency
ကျောက်မဲတွင် COVID 19 ကာကွယ်ရေးလမ်းညွှန်ချက် မလိုက်နာသည့် ဆိုင် (၁၆) ဆိုင်ကို အရေးယူထား
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် Covid-19 ကာလအတွင်း Take-away (ပါဆယ်) စနစ်ဖြင့်ရောင်းချရန် အပါအဝင် COVID 19 ကာကွယ်ရေးသတ်မှတ်ချက်များကို လိုက်နာရန် ပျက်ကွက်သည့်ဆိုင်များကို (၇)ရက် ရောင်းချခွင့်ပိတ်စေပြီး အရေးယူနေရာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့အထိ အရေးယူရသည့်ဆိုင် (၁၆) ဆိုင် ရှိနေပြီဖြစ်ကြောင်း သိရသည်။
"COVID 19 ကာကွယ်ရေးအတွက် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ဖေါက်ဖျက်လို့ ရပ်ကွက်နဲ့ ရွာတွေက ဆိုင်စုစုပေါင်း (၉) ဆိုင်ကို ရောင်းချခွင့် (၇) ရက်ပိတ်ထားတာ ရှိတယ်။ ပြီးတော့ ဗဟိုဈေးနဲ့ မင်္ဂလာဈေးမှာရှိတဲ့ ဆိုင် (၇) ဆိုင်ကိုလည်း အဲဒီလိုပဲ ပိတ်ထားခိုင်းခဲ့တာ ရှိတယ်။ စုစုပေါင်း (၁၆) ဆိုင်ကို အဲဒီလို ပထမအကြိမ် လုပ်ဆောင်ထားပါတယ်"ဟု ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာနမှ  အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
COVID 19 ကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် ဈေးသည်၊ ဈေးဝယ်များအားလုံး နှာခေါင်းစည်း (Mask) တပ်ဆင်၍ ရောင်းချရန်၊ လူစုလူဝေးမဖြစ်စေရေးအတွက် ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်တို့ကို လုပ်ဆောင်ရန် ညွှန်ကြားထားသည်ကို မလိုက်နာသည့် ဆိုင်များကို (၇)ရက် ဆိုင်ယာယီပိတ်စေပြီး အရေးယူနေရာ အောက်တိုဘာလ (၂၆)ရက်နေ့က ဆိုင်တစ်ဆိုင်ကို ထပ်မံအရေးယူထားရကြောင်း သိရသည်။
COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များအား ဈေးဆိုင်များက လိုက်နာမှုရှိမရှိကို မြို့နယ်စည်ပင် သာယာရေးဌာန၊  မြို့နယ်ကိုဗစ်ကော်မတီနှင့် လူမှုကူညီရေးအသင်းများ ပူးပေါင်းပါဝင်သည့်အဖွဲ့ (၈) ခုဖြင့် နေ့စဉ် ရှောင်တခင်လိုက်လံစစ်ဆေးမှုများ လုပ်ဆောင်နေခြင်းဖြစ်ပြီး စည်းကမ်းဖေါက်ဖျက် သည့် ဆိုင်များ တွေ့ရှိပါက `ကျောက်မဲမြို့နယ်စည်ပင်သာယာရေးကော်မတီ´၏ Facebook Messenger မှလည်း ပုံနှင့်တကွ တိုင်ကြားနိုင်ကြောင်း သိရသည်။
 Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ကျောက်မဲမြို့နယ်စည်ပင်သာယာရေးကော်မတီ
 

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~