ကဝမြို့နယ်တွင် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ငွေကျပ်ဆယ်သိန်းပေးကာ ဘေးကင်ရာသို့ပို့ဆောင်

ကဝမြို့နယ်တွင် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ငွေကျပ်ဆယ်သိန်းပေးကာ ဘေးကင်ရာသို့ပို့ဆောင်
နိုဝင်ဘာ 18, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း၊ ကဝမြို့နယ်တွင် စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်လာသဖြင့် ငွေကျပ်(၁၀)သိန်းပေးကာ ဘေးကင်းရာသို့ ပို့ဆောင်ပေးထားကြောင်း ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကဝမြို့နယ်၊ ပကဖ)နှင့် ချိတ်ဆက်၍ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့တွင် အလင်းဝင်လာသော စစ်ကောင်စီတပ် ခမရ(၅၅၉)မှ တပ်သား ချစ်မင်းကိုအား ငွေကျပ်(၁၀)သိန်းပေးကာ ဘေးကင်းရာသို့ ပို့ ဆောင်ထားသည်ဟု ဆိုသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင် (People’s Embrace)နှင့် ချိတ်ဆက်၍ ကူ ညီစောင့်ရှောက်မှုများ ဆက်လက်ပြုလုပ်ပေးမည်ဟုလည်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အသုံးချခံ၊ ထိုးကျွေးခံ ဖြစ်လျက်ရှိသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ပျူစောထီး)များသည် အသက်၊ ဂုဏ်သိက္ခာကို ငဲ့ကွက်တန်ဖိုးထားပါက အကြမ်းဖက်စစ်တပ်ကိုစွန့်ခွာ၍ ပြည်သူ့ရင်ခွင်ခိုဝင်ကာ အမြန်ဆုံးအလင်းဝင်ရောက်ကြရန် ကဝမြို့နယ်ပကဖက တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo : Bago Region PDF