ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ 

ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ 
စက်တင်ဘာ 15, 2023 | 2021 Military Coup| ကယား

ကယားပြည်နယ် ဖရူဆိုမြို့နယ်တောင်ဘက် မာခရော်ရှေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်များက ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီတော်မတော်က ယနေ့ စက်တင်ဘာလ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

စက်တင်ဘာလ (၁၀)ရက်နေ့က ဖရူဆိုမြို့နယ်အတွင်းမှ ယာဉ်တန်းဖြင့် ဘောလခဲဖက်သို့ ဦးတည်ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းအား စက်တင်ဘာလ (၁၂)ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး(ဒုတိယဗိုလ်မှူးကြီး)တစ်ဦးအပါအဝင် အများအပြား သေဆုံးပြီး လက်နက်(၂၀)ဝန်းကျင်နှင့် ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု ကရင်နီတပ်မတော် တပ်ရင်း(၂)က သတင်းထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်များ လက်နက်ကြီးနှင့်ပစ်ခတ်၍ စစ်ကြောင်းများ ထိုးနေသဖြင့် ကရင်နီတော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo : ကရင်နီတော်မတော် တပ်ရင်း(၂)