နမ့်ခမ်းရှိ တာကွန့်တပ်စခန်းကို TNLA သိမ်းပိုက်၊ လားရှိုးတွင် လေယာဉ်ဖြင့်လာချသည့် ဆေးဝါးနှင့် ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိ

နမ့်ခမ်းရှိ တာကွန့်တပ်စခန်းကို TNLA သိမ်းပိုက်၊ လားရှိုးတွင် လေယာဉ်ဖြင့်လာချသည့် ဆေးဝါးနှင့် ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိ
နိုဝင်ဘာ 16, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ တိုက်ပွဲဖြစ်ပြီး လားရှိုးမြို့နယ်တွင် လေယာဉ်ဖြင့်လာချသည့် ဆေးဝါးများနှင့် ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း TNLA ထံမှ သိရသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သည် နမ့်ခမ်းမြိုနယ် နောင်အင်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့၏ တာကွန့်တပ်စခန်းကို ယနေ့‌ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မူဆယ်မြို့နယ် ကျင်စန့်ကျော့လမ်းခွဲတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

ထို့အပြင် လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းသို့ စစ်ကောင်စီတပ်မှ ထောက်ပို့လေယဥ်ဖြင့် ချပေးသည့် လက်နက်ခဲယမ်းများကိုလည်း TNLAမှ ဒုတိယအကြိမ် သိမ်းဆည်းရရှိခဲ့ကာ ဆေးဝါးများနှင့် ခဲယမ်းသေတ္တာ (၁၃)လုံးကို ရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : PSLF/TNLA