ရွှေဘိုမြို့နယ်တွင် ပျူစောထီးစခန်းအား PDFတပ်များဝင်တိုက် လက်နက် ၃လက်ရရှိ

ရွှေဘိုမြို့နယ်တွင် ပျူစောထီးစခန်းအား PDFတပ်များဝင်တိုက် လက်နက် ၃လက်ရရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်လှကျေးရွာရှိ ပျူစောထီးစခန်းအား ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးအများအပြား ထိခိုက်သေဆုံးပြီး လက်နက်(၃)လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် ပျူစောထီး (၉)ဦး သေဆုံးခဲ့သည်ကို အတည်ပြုနိုင်ခဲ့ပြီး ကာဘိုင် (၂)လက်၊ ကိုးလုံး (၁)လက်၊ ကိုးလုံးကျည် (၂၅)တောင့်၊ ကာဘိုင်ကျည် (၂၀၉)တောင့်၊ ကျည်ဘောက် (၁)ခု၊ ကျည်ကာ (၇)ခုနှင့် Huawei ဖုန်း(၁)လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ရွှေဘိုပကဖ ကသတင်းထုတ်ပြန်ထားသည်။

အဆိုပါစခန်းအား ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ပကဖ(PDO) (Shwebo Justice Forceအဖွဲ့၊ ရွှေတောသားအဖွဲ့၊ ကျားပျံအဖွဲ့)၊ ရွှေဘိုမြို့နယ် တိုက်နယ်(၃) ပကဖအဖွဲ့နှင့် ဒီပဲယင်းမြို့နယ် ပကဖ Group 3(ဂဠုန်မင်းအဖွဲ့၊ စံရှားအဖွဲ့၊ ဒေါင်းမင်းအဖွဲ့၊ သရဲကြီးအဖွဲ့၊ မတထောင်တ‌ကောင်ဘွားအဖွဲ့)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

#TachileikNewsAgency

Photo : ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့