ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို MNDAA ထပ်သိမ်းပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို MNDAA ထပ်သိမ်းပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
နိုဝင်ဘာ 15, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်‌ဒေသရှိ ရှင်းဖျင်ကိုင်၊ လျှံဖုန်ရွှေ၊ မော်ထိုက် စိုင်းကျောက်ရှမ်နှင့် မော်ထိုက်တလင်ကဲတောင်စသည့်နေရာများရှိ စစ်ကောင်စီတပ်စခန်း (၃)ခုကို MNDAAက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ကြီးကျည်အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကိုးကန့်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်း (၂)ခုကို ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁၄)ရက်တွင် MNDAAက ထပ်မံသိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ဟွာရှီပန်အခြေချ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် ဟုန်အိုင်ဒေသ၊ ရှမ့်ကန်လင်မျက်နှာချင်းဆိုင် မော်ထိုက်လောက်ပန်ချန်နေရာရှိ စစ်ကောင်စီတပ်စခန်းကို ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၁၂)ရက်နေ့ကလည်း ချုံကန်တပ်စခန်းကိုသိမ်းယူပြီးနောက် မော်ထိုက်အခြေချနေထိုင်သော စစ်ကောင်စီတပ် ဖွဲ့သည် ချုံကန်ဒေသသို့ စစ်ကြောင်းထိုးလာရာ MNDAA တပ်တို့နှင့် နိုဝင်ဘာလ(၁၃)ရက်မှ (၁၄)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲလျှက်ရှိသည့် မဟာမိတ်တပ်ဖွဲ့များသည် စစ်ကောင်စီ၏ စခန်း အကြီး၊အသေး စုစုပေါင်း (၁၄၇)ခုကို သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : The Kokang