မိုးညှင်းမြို့တွင် ပြည်သူများထံမှ ငွေတောင်းနေသည့် စစ်ကောင်စီတပ်သားတစ်ဦး ပစ်ခတ်ခံရကာ တစ်ဦးကို အရှင်ဖမ်းမိ

မိုးညှင်းမြို့တွင် ပြည်သူများထံမှ ငွေတောင်းနေသည့် စစ်ကောင်စီတပ်သားတစ်ဦး ပစ်ခတ်ခံရကာ တစ်ဦးကို အရှင်ဖမ်းမိ
ဖေဖော်ဝါရီ 5, 2024 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် မိုးညှင်းမြို့ရှောင်လမ်းတွင် ခရီးသွားပြည်သူများအား ငွေတောင်းခံနေသည့် စစ်ကောင်စီတပ်သားတစ်ဦးနှင့် အပေါင်းအပါတစ်ဦးတို့အား မိုးညှင်း K-PDF တပ်ရင်းက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့က သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

ပြည်သူများ၏ သတင်းပေးပို့မှုကြောင့် မိုးညှင်း K-PDF တပ်ရင်းမှ သွားရောက်ဖမ်းဆီးခဲ့ရာ လက်နက်ဖြင့် ပြန်လည်ခုခံရန်ကြိုးစားသော စစ်ကောင်စီတပ်သားအား ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး လက်နက်မပါသော ၎င်း၏အပေါင်းအပါအား အရှင်ဖမ်းဆီးရမိခဲ့ကြောင်း မိုးညှင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သား ကိုင်ဆောင်သော သေနတ်တစ်လက်နှင့်အတူ ၎င်းတို့ကိုင်ဆောင်သော ဖုန်းနှစ်လုံးအား မိုးညှင်း K-PDF တပ်ရင်းမှ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

 

မိုးညှင်းမြို့နယ်နေ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သတ်သောသတင်းများကို မိုးညှင်း K-PDF တပ်ရင်းထံ အချိန်နှင့်တပြေးညီ ဆက်သွယ်သတင်းပေးကြရန်လည်း တောင်းဆိုထားသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မိုးညှင်းမြို့နယ်