မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို  တော်လှန်ရေးအဖွဲ့များသိမ်းပိုက်

မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို  တော်လှန်ရေးအဖွဲ့များသိမ်းပိုက်
ဇန်နဝါရီ 2, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက ယမန်နေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ABSDFထံမှ သိရသည်။

တော်လှန်ရေးတပ်များက မိုးမိတ်မြို့အနီးရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသော မိုးပုံ၊ မန်ပါတ်၊ လယ်ကြီးရွာတို့ရှိ စခန်းများကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကို ABSDF အမှတ် (၂)စစ်ကြောင်းနှင့် TNLA အပါအဝင် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက စစ်ကောင်စီတပ်၏ လေကြောင်းပစ်ကူပေးနေသည့်ကြားက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲတွင် ABSDFမှ ရဲဘော်(၃)ဦး ဒဏ်ရာရကြောင်း ထုတ်ပြန်ထားပြီး အသေးစိတ်အချက်အလက်ကိုမူ ထုတ်ပြန်ထားခြင်းမရှိသေးပါ။

#TachileikNewsAgency