(၁၂)ရက်အတွင်း Covid-19 အတည်ပြုလူနာ (၁၀၃)ဦးရှိနေသည့် လားရှိုးမြို့တွင် ပါဆယ်စနစ်ဖြင့်သာ ပြန်လည် ရောင်းချရတော့မည်

(၁၂)ရက်အတွင်း Covid-19 အတည်ပြုလူနာ (၁၀၃)ဦးရှိနေသည့် လားရှိုးမြို့တွင် ပါဆယ်စနစ်ဖြင့်သာ ပြန်လည် ရောင်းချရတော့မည်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် စစ်ဆေးရုံ၌ စစ်ဆေးသည့်ဓါတ်ခွဲအဖြေများအရ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့အထိ (၁၂)ရက်အတွင်း COVID 19 တွေ့ရသူ (၁၀၃) ဦးရှိလာပြီဖြစ်၍ စားသောက်ဆိုင်များအားလုံး ဇွန်လ (၁၉) ရက်နေ့မှစ၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်နှင့် ဈေးအချို့ကို နှစ်ပတ်ယာယီပိတ်မည်ဖြစ်ကြောင်း သိရသည်။

မြို့တွင်း COVID 19 တွေ့ရသူများလာ၍ ဆိုင်ထိုင်ရောင်းခွင့်မပေးတော့ဘဲ ပါဆယ်သာ ရောင်းချခွင့်ပြုရန်အပြင် မြို့မဈေးကြီးရှိ ကုန်စိမ်းတန်းနှင့် ဘူတာဈေးတို့ကို ဇွန်လ (၁၉) ရက်နေ့မှ ဇူလိုင်လ (၂) ရက်နေ့အထိ ယာယီပိတ်ထားရန် အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ (၁၈) ရက်နေ့ အစည်းအဝေးဖြင့် ဆုံးဖြတ်သည်ဟု သိရသည်။

လားရှိုးရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ လူနာတစ်ဦးအား မန္တလေးသို့ ပြောင်းရွှေ့ကုသစဉ် အဆိုပါလူနာ၌ COVID 19 တွေ့ရပြီးနောက် ဆက်စပ်သူများ စစ်ဆေးရာမှ   ဇွန်လ (၁၈) ရက် တစ်ရက်တည်းတွင် (၁၇) ထပ်တိုးတွေ့ရသဖြင့် စုစုပေါင်း အတည်ပြုလူနာ (၁၀၃)ဦးအထိ တိုးလာခြင်းဖြစ်သည်ဟု သိရသည်။