ကောလင်းမြို့ကို သိမ်းလိုက်ပြီဖြစ်ကြောင်း NUG ထုတ်ပြန်

ကောလင်းမြို့ကို သိမ်းလိုက်ပြီဖြစ်ကြောင်း NUG ထုတ်ပြန်
နိုဝင်ဘာ 6, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကောလင်းမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့တွင် အမှတ်(၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး အစီအစဥ်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

 

ကောလင်းမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေပြုတပ်စွဲထားသည့် ကောလင်းရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားခဲ့ကာ ကောလင်းမြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တော်လှန်ရေးတပ်များသည် ခရိုင်အဆင့်မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ညနေထိ လက်နက်မျိုးစုံ (၅၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိပြီး စစ်ဆင်ရေးဆိုင်ရာ အချက်အလက်များကို မကြာခင် အသေးစိတ် ဆက်လက်ထုတ်ပြန်သွားမည်ဟု ဆိုသည်။

#TachileikNewsAgency