ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ် ကျောက်မီးသွေးကား တိမ်းမှောက်၍ (၂)ဦး ဒဏ်ရာရ

Photo: ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း(နောင်ပိန်)
Photo: ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း(နောင်ပိန်)
ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ် ကျောက်မီးသွေးကား တိမ်းမှောက်၍ (၂)ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းမကြီးပေါ် ကျောက်မဲမြို့နယ်အတွင်း မန့်တန်ရွာ နှင့် ရင်ကွဲတောင်အကြားတွင် ကျောက်မီးသွေးတင်ဆောင်လာသည့် တွဲကား(၁)စီး တိမ်းမှောက်ရာမှ (၂)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၁၈)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်အချိန်က ကျောက်မဲမြို့နယ်အတွင်း မန့်တန်ရွာ နှင့် ရင်ကွဲတောင်အကြား တောင်ဆေးလိပ်ကျေးရွာ လမ်းခွဲတွင်  တွဲကား(၁)စီး တိမ်းမှောက်ရာမှ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း (၂)ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာသို့ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း(နောင်ပိန်)မှ ကယ်ဆယ်ရေးယာဥ် (၁)စီး နှင့် လူနာတင်ယာဥ် (၂)စီးတို့ဖြင့် သွားရောက်ကူညီပြီးနောက် ဒဏ်ရာရရှိသူများကို  နောင်ပိန်တိုက်နယ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးထားကြောင်း သိရသည်။