စစ်ကောင်စီ၏ တပ်သားတစ်ဦး စစ်မတိုက်လို၍ TNLA ထံ လက်နက်ချပြီး အလင်းဝင်

စစ်ကောင်စီ၏ တပ်သားတစ်ဦး စစ်မတိုက်လို၍ TNLA ထံ လက်နက်ချပြီး အလင်းဝင်
နိုဝင်ဘာ 9, 2023 | 2021 Military Coup| ရှမ်းမြောက်

 

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ တပ်သားတစ်ဦး စစ်မတိုက်လို၍ TNLA ထံ လက်နက်ချကာ အလင်းဝင်ရောက်လာကြောင်း သိရသည်။

 

အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ဖြစ်သည့် အမှတ်(၃၅၂)ခြေမြန်တပ်ရင်း၏ တပ်သားတစ်ဦးဖြစ်သူ မောင်ဘုံနံ သည် နိုဝင်ဘာလ(၈)ရက်နေ့က ယခု စစ်ဆင်ရေးကာလတွင် စစ်မတိုက်လိုသောကြောင့် လက်နက်အပ်ကာ အလင်းဝင်လာသည့်အတွက် တအာင်းတပ်မတော် ( PSLF/TNLA )ဘက်က ကျပ်(၁၅)သိန်း ချီးမြှင့်လိုက်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့တွင် တအာင်းတပ်မတော် ( PSLF/TNLA )၏ သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယနေ့အချိန်အထိ တိုက်ပွဲများပြင်းထန်နေလျက်ရှိပြီး စစ်ကောင်စီတပ်၏ သံချပ်ကာ ကားနှင့် တင့်ကား(၇)စီးကို သိမ်းဆည်းရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

#TachileikNewsAgency