စစ်ကောင်စီမှ တော်လှန်ရေးကို ပုံဖျက်ရန် နည်းလမ်းအမျိုးမျိုးနှင့် ကြိုးပမ်းလျှက်ရှိသော်လည်း လူထု၏ တော်လှန်ရေးအပေါ် ယုံကြည်မှုကြောင့် မအောင်မြင်ဖြစ်နေ

စစ်ကောင်စီမှ တော်လှန်ရေးကို ပုံဖျက်ရန် နည်းလမ်းအမျိုးမျိုးနှင့် ကြိုးပမ်းလျှက်ရှိသော်လည်း လူထု၏ တော်လှန်ရေးအပေါ် ယုံကြည်မှုကြောင့် မအောင်မြင်ဖြစ်နေ

စစ်ကောင်စီမှ တော်လှန်ရေးကို ပုံဖျက်ရန် နည်းလမ်းအမျိုးမျိုးနှင့် ကြိုးပမ်းလျှက်ရှိပြီး လူထု၏ တော်လှန်ရေးအပေါ် ယုံကြည်မှုကြောင့် မအောင်မြင်ဖြစ်နေကြောင်း Burma Affairs & Conflict Study အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှု၊ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို ဖုံးကွယ်ငြင်းဆန်နေပြီး တဖက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပုံပျက်သွားစေရန် KNU၊ PDF၊ AA၊ TNLA၊ MNDAA၊ KIA စသည့် တော်လှန်ရေးအဖွဲ့အစည်းများကို အဓိက ဦးတည် ဝါဒဖြန့်နေသည်ဟု ဆိုသည်။

ဝါဒဖြန့်ချီရာတွင် လူမျိုးရေးပဋိပက္ခများနှင့် အဖွဲ့အချင်းချင်းကြားတွင် ဖြစ်သွားသည့် ပွတ်တိုက်မှုအချို့ကို အသုံးချ၍ ပုံကြီးချဲ့ရန် ကြိုးပမ်းခဲ့ပြီး ရခိုင့်တပ်တော် AAနှင့် လူမျိုးစုများအကြား အမုန်းတရားဖြန့်သည့် ပို့စ် (၄၀)ဝန်းကျင်နှင့် ရှမ်းမြောက်ရှိ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းအကြား ပဋိပက္ခများ ဖြစ်ပွားနေကြောင်း လိုသလို ဇာတ်ကြောင်းပြောင်းဝါဒဖြန့်ခဲ့သည့် ပို့စ် (၃၀)ဝန်းကျင်ရှိခဲ့ကြောင်း BACS၏ ထုတ်ပြန်ချက်အရသိရသည်။

BACS၏ အချက်အလက် စုဆောင်းချက်အရ လက်ရှိအချိန်တွင် မြဝတီမြို့မှ ဆုတ်ခွာခဲ့ရသည့် KNU အပေါ် လူထုအထင်အမြင်လွဲမှားစေရန် အများဆုံး ဦးတည်ဝါဒဖြန့်ခဲ့ပြီး ဒုတိယနေရာတွင် ရက္ခိုင့်တပ်တော် (AA) နှင့် တတိယနေရာတွင် KIAတို့ကို လိုသလို ဇာတ်လမ်းရေးသား၍ ဝါဒဖြန့်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီလော်ဘီ တယ်လီဂရန် Channel များဖြစ်သည့် ကျော်စွာ၊ ကိုသက်၊ ဘညွန့်၊ သဇင်ဦး၊ ရွှေဘ၊ ဟန်ငြိမ်းဦးအပါအဝင် လူပုဂ္ဂိုလ်အမည်နှင့် ၆ ဦး၊ သတင်းဌာနအမည်နှင့် ၆ ခုတို့ဖြင့် ပြည်သူများကို ဖမ်းဆီးရန်နှင့် ခြိမ်းခြောက်ရန်တို့အပြင် တော်လှန်ရေးအင်အားစုများကို ပြည်သူလူထု အယုံအကြည်ကင်းမဲ့စေရန် ဝါဒဖြန့်ချီခြင်းများ စစ်ကောင်စီဘက်က ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။

#TachileikNewsAgency

Photo: Burma Affairs & Conflict Study