မႏၱေလး - မူဆယ္ ကုန္သြယ္ေရးလမ္းမ၏ ေနာင္ခ်ိဳအနီး ဂုတ္တြင္းတံတား ဆြဲမုိင္းျဖင့္ ေဖါက္ခြဲခံရၿပီး ပ်က္စီးမႈ အတည္မျပဳႏိုင္ေသး

မႏၱေလး - မူဆယ္ ကုန္သြယ္ေရးလမ္းမ၏ ေနာင္ခ်ိဳအနီး ဂုတ္တြင္းတံတား ဆြဲမုိင္းျဖင့္ ေဖါက္ခြဲခံရၿပီး ပ်က္စီးမႈ အတည္မျပဳႏိုင္ေသး
သြဂုတ် 15, 2019
By 🌸
႐ွမ္းျပည္နယ္( ေျမာက္ပိုင္း ) ေနာင္ခ်ိဳၿမိဳ႕နယ္ ျပည္ေထာင္စုလမ္းမႀကီး၏ ဂုတ္တြင္းလမ္းပိုင္း (၂)ေနရာတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၅) ရက္ေန႔ နံနက္အေစာပိုင္းကတည္းက တုိက္ပြဲျဖစ္ပြားေနသည့္အတြက္ လံုၿခံဳေရးအရ ယာဥ္အသြားအလာမ်ား ရပ္ဆုိင္းသြားၿပီး နံနက္(၁၀)နာရီဝန္းက်င္၌ ဂုတ္တြင္းတံတားကို ဆြဲမုိင္းျဖင့္ (၂)ေနရာ ေဖါက္ခြဲခံလိုက္ရေၾကာင္း သိရသည္။

“တိုးဂိတ္က ဝန္ထမ္းအခ်ိဳ႕ေတာ့ ပိတ္မိေနတာကေတာ့ မနက္ (၈)နာရီ (၅၀)ေလာက္က ထြက္လာႏုိင္တယ္။ အထိအခိုက္မရိွဘူး။ အနီးအနားမွာလည္း ပစ္ခတ္ေနၾကတာ။ (၁၀)နာရီေလာက္ကေတာ့ တံတားမွာ ဆြဲမုိင္း (၂)လံုး ေဖါက္တယ္။ အပ်က္အစီးအေျခအေနကေတာ့ မသိေသဘူး” ဟု အဆိုပါလမ္းပိုင္းကို BOT လုပ္ကိုင္ခြင့္ရထားသည့္ Oriental Highway Co.ltd မွ တာဝန္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ နံနက္ (၁၁)နာရီခြဲဝန္းက်င္တြင္ ေျပာသည္။

အဆုိပါလမ္းပိုင္းတြင္ ၾသဂုတ္လ (၁၅)ရက္ေန႔ နံနက္ (၅)နာရီခြဲဝန္းက်င္ကတည္းက တပ္မေတာ္ႏွင့္ TNLA လက္နက္ကိုင္အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားေန၍ အဆိုပါလမ္းေၾကာင္းရိွ ေမာ္ေတာ္ယာဥ္အသြားအလာမ်ား ျပတ္ေတာက္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

“မနက္ (၅)ခြဲေလာက္ကတည္းက စျဖစ္တာ။ မနက္ (၆)နာရီေလာက္ကတည္းက လမ္းကပိတ္သြားၿပီ။ လံုၿခံဳေရးအရ လုိင္းကားေရာ ဘာေရာ အကုန္မသြားၾကေတာ့ဘူး။ အခုက တံတားလည္း မိုင္းခြဲခံရတယ္ၾကားတယ္။ အခု ဒီဘက္လည္း ေသနတ္သံၾကားရတယ္ဟု”ဟု ကြတ္ခုိင္ၿမိဳ႕မွ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ နံနက္ (၁၁)နာရီေက်ာ္က ေျပာသည္။

ေနာင္ခ်ိဳ႕ၿမိဳ႕ရိွ စစ္ေဆးေရးဂိတ္ေနရာႏွင့္  မႏၱေလးဘက္မွ ေနာင္ခ်ိဳသို႔အဝင္ ေက်ာက္ၾကမ္းေက်းရြာအနီး နံနက္ပိုင္းက ျဖစ္ပြားေနသည့္ တိုက္ပြဲ ျဖစ္ပြားေန၍ နံနက္ ၆ နာရီ ခြဲ ခန္႔ကစတင္ၿပီး မူဆယ္ဘက္သို႔ အတက္ကားမ်ားမွာ ေက်ာက္မဲတိုးဂိတ္ႏွင့္ ေက်ာက္ၾကမ္းရြာ(ေနာင္ခ်ိဳၿမိဳ႕)အနီးတြင္ ယာဥ္မ်ား ရပ္နားထားရျခင္းျဖစ္သည္။

ေက်ာက္မဲဘက္အျခမ္းရိွ ဇီးပင္ေက်းရြာအနီးတြင္လည္း တိုက္ပြဲျဖစ္ပြားေနသည့္အတြက္ ေက်ာက္မဲမွ မႏၱေလးသို႔ သြားသည့္ ခရီးသည္တင္ယာဥ္မ်ားမွာ ဇီးပင္ေက်းရြာမေရာက္မီတြင္ ရပ္နားထားၾကသည္။

ဂုတ္တြင္းရိွရဲကင္းအား ပစ္ခတ္ခံထားရၿပီး ရဲဝန္ထမ္း (၂) ဦး ဒဏ္ရာရထားသည္ဟု သတင္းရသည့္အတြက္ နံနက္ပိုင္းက သြားေရာက္ကယ္ဆယ္ရန္ ႀကိဳးပမ္းခ့ဲသည့္ ေနာင္ခ်ိဳမွ လူမႈကူညီေရးအသင္းကားကိုလည္း TNLA အဖြဲ႔က တားျမစ္ကာ ေနာက္ေၾကာင္းျပန္လွည့္ေစခ့ဲသည္ဟု အမည္မေဖၚလိုသည့္ ေနာင္ခ်ိဳ ေဒသခံ လူမႈကူညီေရး အသင္းသားတစ္ဦးက ေျပာသည္။

လက္ရိွတြင္ ေက်ာက္မဲ - မႏၱေလးလမ္းပိုင္းမွ ေက်ာက္မဲတိုးဂိတ္ႏွင္ ့ ေနာင္ခ်ိဳအနီး ေက်ာက္ၾကမ္းေက်းရြာ တို႔တြင္ ခရီးသည္တင္ယာဥ္မ်ား၊ ကုန္တင္ယာဥ္မ်ားအားလံုးကို ရပ္နားထားေစေၾကာင္း OHC တာဝန္ရိွသူထံက သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု -ေနမ်ိဳး

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မန္တလေး - မူဆယ် ကုန်သွယ်ရေးလမ်းမ၏ နောင်ချိုအနီး ဂုတ်တွင်းတံတား ဆွဲမိုင်းဖြင့် ဖေါက်ခွဲခံရပြီး ပျက်စီးမှု အတည်မပြုနိုင်သေး
***********
ရှမ်းပြည်နယ်( မြောက်ပိုင်း ) နောင်ချိုမြို့နယ် ပြည်ထောင်စုလမ်းမကြီး၏ ဂုတ်တွင်းလမ်းပိုင်း (၂)နေရာတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့ နံနက်အစောပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားနေသည့်အတွက် လုံခြုံရေးအရ ယာဉ်အသွားအလာများ ရပ်ဆိုင်းသွားပြီး နံနက်(၁၀)နာရီဝန်းကျင်၌ ဂုတ်တွင်းတံတားကို ဆွဲမိုင်းဖြင့် (၂)နေရာ ဖေါက်ခွဲခံလိုက်ရကြောင်း သိရသည်။

“တိုးဂိတ်က ဝန်ထမ်းအချို့တော့ ပိတ်မိနေတာကတော့ မနက် (၈)နာရီ (၅၀)လောက်က ထွက်လာနိုင်တယ်။ အထိအခိုက်မရှိဘူး။ အနီးအနားမှာလည်း ပစ်ခတ်နေကြတာ။ (၁၀)နာရီလောက်ကတော့ တံတားမှာ ဆွဲမိုင်း (၂)လုံး ဖေါက်တယ်။ အပျက်အစီးအခြေအနေကတော့ မသိသေဘူး” ဟု အဆိုပါလမ်းပိုင်းကို BOT လုပ်ကိုင်ခွင့်ရထားသည့် Oriental Highway Co.ltd မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ နံနက် (၁၁)နာရီခွဲဝန်းကျင်တွင် ပြောသည်။

အဆိုပါလမ်းပိုင်းတွင် သြဂုတ်လ (၁၅)ရက်နေ့ နံနက် (၅)နာရီခွဲဝန်းကျင်ကတည်းက တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေ၍ အဆိုပါလမ်းကြောင်းရှိ မော်တော်ယာဉ်အသွားအလာများ ပြတ်တောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

“မနက် (၅)ခွဲလောက်ကတည်းက စဖြစ်တာ။ မနက် (၆)နာရီလောက်ကတည်းက လမ်းကပိတ်သွားပြီ။ လုံခြံုရေးအရ လိုင်းကားရော ဘာရော အကုန်မသွားကြတော့ဘူး။ အခုက တံတားလည်း မိုင်းခွဲခံရတယ်ကြားတယ်။ အခု ဒီဘက်လည်း သေနတ်သံကြားရတယ်ဟု”ဟု ကွတ်ခိုင်မြို့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ နံနက် (၁၁)နာရီကျော်က ပြောသည်။

နောင်ချို့မြို့ရှိ စစ်ဆေးရေးဂိတ်နေရာနှင့်  မန္တလေးဘက်မှ နောင်ချိုသို့အဝင် ကျောက်ကြမ်းကျေးရွာအနီး နံနက်ပိုင်းက ဖြစ်ပွားနေသည့် တိုက်ပွဲ ဖြစ်ပွားနေ၍ နံနက် ၆ နာရီ ခွဲ ခန့်ကစတင်ပြီး မူဆယ်ဘက်သို့ အတက်ကားများမှာ ကျောက်မဲတိုးဂိတ်နှင့် ကျောက်ကြမ်းရွာ(နောင်ချိုမြို့)အနီးတွင် ယာဉ်များ ရပ်နားထားရခြင်းဖြစ်သည်။

ကျောက်မဲဘက်အခြမ်းရှိ ဇီးပင်ကျေးရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ကျောက်မဲမှ မန္တလေးသို့ သွားသည့် ခရီးသည်တင်ယာဉ်များမှာ ဇီးပင်ကျေးရွာမရောက်မီတွင် ရပ်နားထားကြသည်။

ဂုတ်တွင်းရှိရဲကင်းအား ပစ်ခတ်ခံထားရပြီး ရဲဝန်ထမ်း (၂) ဦး ဒဏ်ရာရထားသည်ဟု သတင်းရသည့်အတွက် နံနက်ပိုင်းက သွားရောက်ကယ်ဆယ်ရန် ကြိုးပမ်းခဲ့သည့် နောင်ချိုမှ လူမှုကူညီရေးအသင်းကားကိုလည်း TNLA အဖွဲ့က တားမြစ်ကာ နောက်ကြောင်းပြန်လှည့်စေခဲ့သည်ဟု အမည်မဖေါ်လိုသည့် နောင်ချို ဒေသခံ လူမှုကူညီရေး အသင်းသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ကျောက်မဲ - မန္တလေးလမ်းပိုင်းမှ ကျောက်မဲတိုးဂိတ်နှင် ့ နောင်ချိုအနီး ကျောက်ကြမ်းကျေးရွာ တို့တွင် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များအားလုံးကို ရပ်နားထားစေကြောင်း OHC တာဝန်ရှိသူထံက သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ -နေမျိုး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net