ပုလဲမြို့နယ် တနယ်ရွာ ပကဖ ဒုခေါင်းဆောင် ပစ်ခတ်ခံရပြီး ကျဆုံး

ပုလဲမြို့နယ် တနယ်ရွာ ပကဖ ဒုခေါင်းဆောင် ပစ်ခတ်ခံရပြီး ကျဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တနယ်ရွာ အရှေ့ဘက်တွင် ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၉)ရက်နေ့ ညနေပိုင်းက တနယ်ရွာ ပကဖ ဒုခေါင်းဆောင် ကိုသက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ညနေ(၅)နာရီခွဲဝန်းကျင်တွင် တနယ်ရွာ ပကဖ ဒုခေါင်းဆောင် (တိုက်နယ် ပကဖ အဖွဲ့ဝင်) ကိုသက်သည် ချောင်းမြောင်းပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း သိရသည်။

ပစ်ခတ်ခံရခြင်း‌ကြောင့် ဦးခေါင်းတွင်  (၂)ချက်၊ ရင်ဘတ်တွင် (၁)ချက် ကျည်ထိမှန်ပြီး ဝမ်းဗိုက်နှင့် လက်မောင်းကို ဓါးဖြင့် ထိုးသွင်းလှီးဖြတ်သွားခဲ့ကြောင်း သိရသည်။

ထို့အပြင် သတ်ဖြတ်သွားသူများက ကိုသက်၏ ပိုက်ဆံအိတ်ကို ယူဆောင်သွား‌ကြောင်း Pale Entertainmentက ဖော်ပြထားကာ မည်သည့်အဖွဲ့က ပစ်ခတ်သွားသည်ကိုမူ မသိရသေးပါ။

#TachileikNewsAgency

(စိတ်မချမ်းမြေ့ဖွယ် ပုံရိပ်များပါဝင်သဖြင့် သတင်းဓာတ်ပုံကို Telegram Channel https://t.me/TachileikNewsAgency/41869 တွင် ကြည့်ရှုနိုင်ပါသည်)