စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစ်စီးကို Cobra စစ်ကြောင်း ပစ်ချ

Photo: CJ
Photo: CJ
စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစ်စီးကို Cobra စစ်ကြောင်း ပစ်ချ
ဇန်နဝါရီ 29, 2024 | 2021 Military Coup| အခြားဒေသများ

 

ကရင်ပြည်နယ် KNU တပ်မဟာ(၆)နယ်မြေအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစ်စီးကို Cobra စစ်ကြောင်းက ယနေ့  ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့ နေ့လည် (၂)နာရီဝန်းကျင်တွင် ပစ်ချလိုက်နိုင်ခဲ့ကြောင်း သိရသည်။

ပစ်ချနိုင်သဖြင့် စစ်ကောင်စီ၏ ရဟတ်ယာဉ်ပျက်ကျသွားသည်မှာ သေချာကြောင်း ‌ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို အတည်ပြုသည်။

"တပ်မမှူးချိန်းဖို့ နှစ်စင်းလာပစ်တာ။ အောက်ကနေ ပွိုင့် ၅ လက်နက်ကြီး၊ စနိုက်ပါ အကုန်ပစ်တာ။ ညီနောင်နဲ့ ရွာသစ်ကြားထဲ ပျက်ကျသွားတယ်။ (၅)ယောက်သေတယ် (၃)ဦးအရေးပေါ်။ ကျန်တစ်စီးက အမြင့်ကြီး ပျံပြေးတာ။"ဟု ကော်ဘရာရဲဘော်တစ်ဦးက Tachileik News Agency ကို ပြောသည်။

အသေးစိတ်အချက်အလက်ကိုမူ ဆက်လက်မေးမြန်းနေဆဲဖြစ်ပါသည်။