ကော့ကရိတ်မြို့ရှိ လဝကရုံး မီးလောင်

ကော့ကရိတ်မြို့ရှိ လဝကရုံး မီးလောင်
စက်တင်ဘာ 28, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့ ညပိုင်းက မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ကော့ကရိတ်မြို့ အမှတ်(၇)ရပ်ကွက်၊ ဗောဓိကျောင်းလမ်းရှိ လဝကရုံးမှာ မည်သည့်အတွက်ကြောင့် မီးလောင်ပျက်စီးသည်ကို မသိရသေးသော်လည်း စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်များတွင်မူ PDF ရဲဘော်(၃)ဦးက အရပ်ဝတ်၊ လက်နက်ငယ်ကိုယ်စီဖြင့် ဝင်ရောက်မီးရှို့သွားသည်ဟု ရေးသားထားသည်။

အဆိုပါရုံးသည် ယမန်နေ့ ည(၁၂)နာရီဝန်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ပြီး ယနေ့ နံနက်(၂)နာရီ (၁၀)မိနစ်တွင် မီးငြိမ်းနိုင်ခဲ့ကာ အဆောက်အဦး ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

#TachileikNewsAgency

Photo : CJ