ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများအာလုံး သိမ်းပိုက်လိုက်ပြီဟု ညီနောင် ၃ ဖွဲ့ ထုတ်ပြန်

ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများအာလုံး သိမ်းပိုက်လိုက်ပြီဟု ညီနောင် ၃ ဖွဲ့ ထုတ်ပြန်
အောက်တိုဘာ 28, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများ ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့တွင် တစ်ခုမကျန် သိမ်းပိုက်လိုက်ပြီဖြစ်ကြာင်း မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့က ကျန်ရှိနေသော စစ်ကောင်စီတပ်စခန်းအချို့အား ယနေ့  နေ့လယ် (၂)နာရီဝန်းကျင်တွင် တစ်ခုမကျန် ရှင်းလင်းနိုင်ခဲ့ပြီး စခန်းအားလုံးအား ထိန်းချုပ်ထားပြီးဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယနေ့အဖြစ် ရန်သူ့စခန်း (၄)ခုအား ယနေ့တွင် ထပ်မံသိမ်းပိုက်ထားပြီးဖြစ်သည်ဟုလည်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် လေယာဉ်မှ လေထီးဖြင့် လာချပေးသော စစ်အသုံးအဆောင်ပစ္စည်းများနှင့် ရိက္ခာထုပ် (၁၀)ထုပ် ကိုလည်း သိမ်းဆည်းရမိထားသည်ဟု ဆိုသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့သာမက စစ်ဆင်ရေးနှင့် ဟန်ချက်ညီလိုက်ပါစစ်ဆင်ရေးဆင်နွှဲကြမည့် အဖွဲအစည်းများနှင့်အတူတကွ သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency