တွံတေးမြို့နယ်ရှိ စစ်ကောင်စီတပ်ဂိတ်နှင့် ပျူစောထီးဂိတ်ကို တော်လှန်ရေးအဖွဲ့က တိုက်ခိုက်

တွံတေးမြို့နယ်ရှိ စစ်ကောင်စီတပ်ဂိတ်နှင့် ပျူစောထီးဂိတ်ကို တော်လှန်ရေးအဖွဲ့က တိုက်ခိုက်

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ဂျောင်ဝိုင်းလေးရပ်ကွက်ရှိ စစ်ကောင်စီတပ်ဂိတ်နှင့် ပျူစောထီးဂိတ်ကို  ၂၀၂၄ ခုနှစ် ဧပြီလ (၄)ရက်နေ့ ညနေပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ကြောင်း Dark Shadow တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ကြည့်မြင်တိုင်တစ်ဖက်ကမ်းနှင့် ဆိပ်ကြီးခနောင်တို တစ်ဖက်ကမ်းတို့တွင် စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးများကို လက်နက်တပ်ဆင် သင်တန်းပေးခြင်းများရှိနေသဖြင့် ယင်းကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လ(၂၉)ရက်နေ့ ညပိုင်းကလည်း မင်္ဂလာဒုံလေတပ်ဝင်း အင်းစိန်မြို့နယ် ခရေပင်လမ်း ဒညင်းကုန်း ရပ်ကွက်ရှိ စုဆောင်းရေးတပ်နှင့် အင်းစိန် ဦးပိုင်ယာဉ်ရပ်နားစခန်းတို့ကိုလည်း ၎င်းတို့တိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency