နောင်ချိုရှိ စစ်ကောင်စီတပ်စခန်းကို TNLA နှင့် PDF တပ်များ ပူးပေါင်းတိုက်ခိုက်နေ

နောင်ချိုရှိ စစ်ကောင်စီတပ်စခန်းကို TNLA နှင့် PDF တပ်များ ပူးပေါင်းတိုက်ခိုက်နေ
အောက်တိုဘာ 28, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် သံဘိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော်(TNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)တို့က ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်နေကြောင်း သိရသည်။ 

အဆိုပါ စစ်ကောင်စီတပ်စခန်းကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယနေ့အဖြစ် ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု TNLAထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၆)ရက်နေ့တွင်လည်း နောင်ချိုမြို့ နယ် သံဘိုကျေးရွာ နတ်စင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့နှင့်အတူ BPLA၊ ပြည်သူ့ကာကွယ်ရေးတပ်များသည် Operation 1027 - ၁၀၂၇ စစ်ဆင်ရေးကို ပူးပေါင်းဖော်ဆောင်နေခြင်းဖြစ်ပြီး လားရှိုး၊ ကွတ်ခိုင်၊ လောက်ကိုင်နှင့် ချင်းရွှေဟော်တို့ရှိ စစ်ကောင်စီတပ်စခန်း အများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

#TachileikNewsAgency