ကျောက်မဲမြို့နယ်အတွင်း လွှတ်တော် (၃)ရပ်လုံးအတွက် SNLD အနိုင်ရ

ကျောက်မဲမြို့နယ်အတွင်း လွှတ်တော် (၃)ရပ်လုံးအတွက် SNLD အနိုင်ရ
နိုဝင်ဘာ 9, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်အတွင်း လွှတ်တော် (၃)ရပ်လုံးအတွက်   SNLD အနိုင်ရ
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်မှ မဲရလဒ်များအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်နေရာများတွင် SNLD (ကျားခေါင်း) ပါတီက အနိုင်ရရှိထားသည်။
ကျောက်မဲမြို့နယ်အတွင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)တို့တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) မှ ကိုယ်စားလှယ်များက အနိုင်ရထားခြင်းဖြစ်သည်။
ကျောက်မဲမြို့နယ်အတွင်း လီဆူတိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်လောင်းနေရာအတွက်  လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်လောင်းနေရာအတွက် NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ ကချင်တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်နေရာနှင့်  လားဟူတိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်လောင်းနေရာတို့အတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များက အနိုင်ရထားကြသည်။ 
နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကျောက်မဲမြို့နယ်မှ မဲဆန္ဒရှင်ဦးရေ (၁၁၇,၉၂၆) ရှိပြီး မဲရုံပေါင်း (၉၉) ရုံတွင် ဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်။
ပုံအညွှန်း - အဝါရောင်ဖြင့် ပြထားသည့်နေရာများတွင် SNLD က အနိုင်ရထားသည့်နေရဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
Photo: Eastern Review
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~