ရှမ်းမြောက်တိုက်ပွဲ ပြည်သူ့စစ်ထံမှ လက်နက်ခဲယမ်းများ ညီနောင်မဟာမိတ်များ သိမ်းဆည်းရရှိ

ရှမ်းမြောက်တိုက်ပွဲ ပြည်သူ့စစ်ထံမှ လက်နက်ခဲယမ်းများ ညီနောင်မဟာမိတ်များ သိမ်းဆည်းရရှိ
အောက်တိုဘာ 27, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း အများအပြားကို ညီနောင်မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ထံမှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းက ကိုးကန့်ဒေသ ချင်းရွှေဟော်၊ လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်တို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံ လုံထန်ပြည်သူ့စစ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ရာ သိမ်းဆည်းရရှိသည့် လက်နက်များအား The Kokangက ဖော်ပြလာခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် (၃)ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကြေညာ၍ အောက်တိုဘာလ (၂၇)ရက်နေ့မှစ၍ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ  စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းညီနောင်မဟာမိတ်တို့ တိုက်ပွဲဖြစ်‌နေဆဲဟု သိရသည်။

#TachileikNewsAgency

Photo : The Kokang