မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲရာ နေအိမ်နှင့် အဆောက်အဦးများပျက်စီး

မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲရာ နေအိမ်နှင့် အဆောက်အဦးများပျက်စီး

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၂)ရှိ ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ (၂)ကြိမ်ဗုံးကြဲပစ်ခတ်ခဲ့ရာ နေအိမ်နှင့် ဘာသာရေးအဆောက်အဦးများ ပျက်စီးခဲ့ရကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

တိုက်နယ်(၂)ရှိ ကျေးရွာတစ်ခုအနီးကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၁)ရက်နေ့ နံနက်ပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်နှင့် ဘာသာရေးအဆောက်အဦးများ ထိမှန်ပျက်စီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဗုံး(၂)လုံးကြဲချရာ ကျေးရွာအနီးရှိ လူနေအိမ်တစ်လုံးနှင့် ဘာသာရေးအဆောက်အဦးတစ်ခု ပျက်စီးပြီး ဒေသခံများ ထိခိုက်သေဆုံးမှုမရှိခဲ့ဟု သိရသည်။

ထို့အပြင် အဆိုပါ တိုက်နယ် (၂)နေရာဝန်းကျင်ကို ထပ်မံ၍ နံနက်ပိုင်းတွင်ပင် တိုက်လေယာဉ် (၃)စီးဖြင့် ဆယ်ကြိမ်နှင့်အထက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အပြင် ကျေးရွာများအား လေယာဉ်ပေါ််မှ စက်သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံများသည် ပြင်ဆင်ထားသည့် ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများနှင့် အခြားလုံခြုံသည့် နေရာများတွင် အချိန်မီ အကာအကွယ်ယူနိုင်ခဲ့၍ ထိခိုက်သေဆုံးမှု မရှိသော်လည်း ကျေးရွာရှိနေအိမ်များ မီးလောင်ကျွမ်းသွားသဖြင့်  ဒေသခံ‌များက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရသည်ဟု သိရသည်။ 

ကျေးရွာအတွင်းရှိ ရေသွယ်ထားထားသော ရေပိုက်များ၊ အဆောက်အဦးအမျိုးမျိုးနှင့် ပိုင်ဆိုင်မှုပစ္စည်းများလည်း ဗုံးကြဲတိုက်ခိုက်မှုတွင် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး - သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း