စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ၁၀၂၇ စစ်ဆင်ရေးအဖြစ် ပူးပေါင်းဆင်နွှဲမည်ဟု မြောက်ပိုင်း ၃ ဖွဲ့ ကြေညာ

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ၁၀၂၇ စစ်ဆင်ရေးအဖြစ် ပူးပေါင်းဆင်နွှဲမည်ဟု မြောက်ပိုင်း ၃ ဖွဲ့ ကြေညာ
အောက်တိုဘာ 27, 2023 | 2021 Military Coup| အခြားဒေသများ

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး Operation 1027(၁၀၂၇ စစ်ဆင်ရေး)ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့က ပူးပေါင်းဆင်နွှဲလိုက်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့တွင် ညီနောင်(၃)ဖွဲ့က သတင်းထုတ်ပြန်လာသည်။ 

ညီနောင်မဟာမိတ်(၃)ဖွဲ့သည် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်နိုင်ရေး၊ မိမိကိုယ် မိမိ ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ ဒေသကို မိမိတို့ ယခုထက် ပိုမိုထိန်းချုပ်နိုင်ရေး၊ အဖွဲ့အစည်းအပေါ် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုများအပေါ် ဟန့်တားမှုရှိနိုင်ရေး တို့ကြောင့် ၁၀၂၇ စစ်ဆင်ရေးကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၎င်းစစ်ဆင်ရေးလုပ်ဆောင်ရသည့် ရည်ရွယ်ချက်များထဲတွင် မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ လက်ရှိ တရုတ်-မြန်မာနယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်းလောင်းကစားလိမ်လည်မှုပပျောက်ရေးနှင့် အဆိုပါလုပ်ငန်းများကို လုပ်ဆောင်နေသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး စသည့်ရည်ရွယ်ချက်များကြောင့်လည်း ပါဝင်သည်ဟု သိရသည်။

#TachileikNewsAgency