ကော့ကရိတ်မြို့ရှိ အာဏာသိမ်းစစ်အုပ်စုဂိတ်ကို ပူးပေါင်းတပ်များတိုက်ခိုက် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ကော့ကရိတ်မြို့ရှိ အာဏာသိမ်းစစ်အုပ်စုဂိတ်ကို ပူးပေါင်းတပ်များတိုက်ခိုက် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ဖေဖော်ဝါရီ 11, 2023 | 2021 Military Coup| အခြားဒေသများ

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ တံတားဦး၊ ညောင်ပင်အောက်ဂိတ်စခန်းရှိ အာဏာသိမ်းစစ်အုပ်စု၏ တပ်ဖွဲဝင်များကို ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့၏ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်အုပ်စုဘက်က (၆)ဦးအထက် မနည်းသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

အဆိုပါအာဏာသိမ်းစစ်အုပ်စုကို ကျားဖြူစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့များမှ ရဲဘော်(၂)ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုထံမှ  သေနတ် အတို (၁)လက်၊ MA3 (၂) လက်၊ ကျည်ဘောက် (၄) ခု၊ RPG 7 အသီး (၁) လုံး ကို သိမ်ဆည်း ရရှိခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်အုပ်စုမှ လက်နက်ကြီးများဖြင့် အရပ်သားပစ်မှတ်များကို ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်လာနိုင်ခြေရှိပြီး ကော့ကရိတ်မြိုဝန်းကျင်တွင် ဖြတ်သန်းသွားလာသည့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ၏ ဘေးအန္တရာယ်မှ ကင်းရှင်းစေရန် သတိဖြင့်သွားလာကြရန်လည်း တိုက်တွန်းထားသည်။

 

Photo: ကျားဖြူစစ်ကြောင်း