ဘီးလင်းမြို့တွင် စစ်ကောင်စီတပ်ဖျက်ဆီးခဲ့သည့် ရွာချင်းဆက်လမ်းအား တော်လှန်ရေးအဖွဲ့များ ပြန်လည်ပြုပြင်

ဘီးလင်းမြို့တွင် စစ်ကောင်စီတပ်ဖျက်ဆီးခဲ့သည့် ရွာချင်းဆက်လမ်းအား တော်လှန်ရေးအဖွဲ့များ ပြန်လည်ပြုပြင်
အောက်တိုဘာ 22, 2023 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ဖျက်ဆီးသွားသည့် ဒေါက်ရပ်ကျေးရွာနှင့် ခဲမောက်ကျေးရွာတို့၏ ရွာချင်းဆက်လမ်းအား ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၂)နေ့တွင် ဒေသကာကွယ်ရေးတပ်များက ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဒေါက်ရပ်ကျေးရွာနှင့် ခဲမောက်ကျေးရွာ ရွာချင်းဆက်လမ်းအား အောက်တိုဘာလ (၂၀)ရက်နေ့ညတွင် စစ်ကောင်စီတပ်က မြေတူးစက် (၂)စီးနှင့်တူးကာ ဖျက်ဆီးသွားသဖြင့် တောကျီးကန်းစစ်ကြောင်း၊ တပင်ရွှေထီးစစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များသည် လမ်းဖျက်ဆီးရန်အတွက် အမြှောက်တပ်မှ ပစ်ကူပေးပြီး လုံခြုံရေးအင်အားများစွာဖြင့် လာရောက်ဖျက်ဆီးခဲ့သဖြင့် တောကျီးကန်းစစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်များ သွားရောက်တိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency

Photo : တောကျီးကန်းစစ်ကြောင်း