သူမကို အသေစောမည်ဟု ဟောကိန်းထုတ်ထားသော ဗေဒင်ဆရာမထံမှ ချောကလက် သကြားလုံးစားပြီးနောက် ဘရာဇီးအမျိုးသမီး သေဆုံး

သူမကို အသေစောမည်ဟု ဟောကိန်းထုတ်ထားသော ဗေဒင်ဆရာမထံမှ ချောကလက် သကြားလုံးစားပြီးနောက် ဘရာဇီးအမျိုးသမီး သေဆုံး
အောက်တိုဘာ 14, 2023 | နိုင်ငံတကာသတင်း
By Mr John

 ဘရာဇီးနိုင်ငံတွင် အသေစောမည်ဟု သူမကို ဟောကိန်းထုတ်ခဲ့သော ဂျစ်ပစီအမျိုးသားသမီး လက္ခဏာ ဗေဒင်ဆရာမထံမှ ရရှိခဲ့သည့် ချောကလက် သကြားလုံးစားပြီးနောက် အမျိုးသားသမီးတစ်ဦး အဆိပ်သင့် လက္ခဏာများဖြင့် သေဆုံးသွားခဲ့သည်။ 

Fernanda Silva Valoz da Cruz Pinto ဆိုသူ အမျိုးသားသမီးမှာ ၂၀၂၃ ခုနှစ် ဩဂုတ်လ (၃) ရက်နေ့တွင် ဗိုက်အောင့်ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ နှာခေါင်းသွေးယိုခြင်းနှင့် ပါးစပ်မှ အမြှုပ်ထွက်ခြင်း လက္ခဏာများ ဖြစ်ပေါ်ခဲ့သည်။

သူမကို Santa Casa De Misericordia ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့သော်လည်း ဆရာဝန်များ ဘာမှမလုပ်နိုင်ဘဲ နောက်တစ်နေ့ ဩဂုတ်လ (၄) ရက်နေ့ နံနက်အစောပိုင်းတွင် သေဆုံးသွားခဲ့သည်။ 

မိသားစုထံမှ ကနဦး သတင်းအချက်အလက်များအရ Maceió မြို့လယ်ရှိ ဂျစ်ပစီဗေဒင်ဆရာမဆိုသူက Fernanda ကို ချောကလက် သကြားလုံးတစ်လုံး ပေးခဲ့ကြောင်း သိရသည်။ 

ထိုဗေဒင်ဆရာမက Fernanda မှာ မကြာမီ သေဆုံးတော့မည်ဟုလည်း ဟောကိန်းထုတ်ထားခဲ့သည်။

Fernanda က ဗေဒင်ဆရာမထံမှ ချောကလက် သကြားလုံးကို ရရှိသည့်နေ့၌ပင် စားခဲ့ပြီးနောက် အဆိပ်သင့် လက္ခဏာများ ဖြစ်ပေါ်လာကြောင်း မိသားစုက ဆိုသည်။ 

အလောင်းခွဲစိတ် စစ်ဆေးမှုအရ အသက် (၂၇) နှစ်အရွယ် Fernanda မှာ အဆိပ်သင့်စေသော အရာများကြောင့် အဆိပ်သင့် သေဆုံးခဲ့ကြောင်း အဖြေထွက်ပေါ်ခဲ့သည်။

မိသားစုက ပြောဆိုနေသည့် ဗေဒင်ဆရာမ၏ သကြားလုံး ဇာတ်လမ်းနှင့် ပတ်သက်၍ အစောပိုင်းတွင် မယုံနိုင်ခဲ့ကြဟု ဆိုသည်။ 

၂၀၂၃ ခုနှစ် စက်တင်ဘာလ နောက်ဆုံးပတ်တွင်မူ အဆိပ်သင့် သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးမှုရလဒ် ထွက်ပေါ်လာပြီးနောက် Homicide and Personal Protection Police Station (DHPP) က ထိုဖြစ်ရပ်ကို စတင် စုံစမ်းစစ်ဆေးခဲ့ခြင်းသည်။

သို့သော် Fernanda သေဆုံးချိန်နှင့် စစ်ဆေးမှုရလဒ် သိရှိရပြီး စုံစမ်းစစ်ဆေးမှု စတင်ချိန်ကြား (၂) လအထိ ကွာဟနေသောကြောင့် သက်သေအထောက်အထား အသစ်များကို အမှန်တကယ် ရှာဖွေတွေ့ရှိရန် အခွင့်အလမ်း အလွန်နည်းသည်ကြောင်း သိရသည်။ 

Fernanda ကို မကြာမီ သေဆုံးတော့မည်ဟု ဟောကိန်းထုတ်ခဲ့သော ဗေဒင်ဆရာမကို မိသားစုက သံသယရှိနေသည်။

ရဲတပ်ဖွဲ့က ဗေဒင်ဆရာမကို ရှာဖွေရန် ကြိုးပမ်းနေသော်လည်း ၎င်းတို့ တွေ့ဆုံခဲ့သည့်အချိန်မှာ လနှင့်ချီကြာပြီဖြစ်ရာ CCTV မှတ်တမ်းများ မရှိနိုင်တော့ဟု ဆိုသည်။ 

ယခုဖြစ်ရပ်ကို မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပြီး လက်သည်တရားခံမှာ ပုန်းအောင်းနေနိုင်ကြောင်း ယူဆထားကြသည်။

#TachileikNewsAgency

Source: WION News, Times of Inida, Times on Now News