တရုတ်၏ COVID 19 ကာကွယ်ဆေး Sinovac ကို WHO အသိအမှတ်ပြု

တရုတ်နိုင်ငံထုတ် Sinovac COVID 19 ကာကွယ်ဆေး photo by CGTN
တရုတ်နိုင်ငံထုတ် Sinovac COVID 19 ကာကွယ်ဆေး photo by CGTN
တရုတ်၏ COVID 19 ကာကွယ်ဆေး Sinovac ကို WHO အသိအမှတ်ပြု
By Tachileik News Agency

တရုတ်နိုင်ငံ၏  COVID 19 ကာကွယ်ဆေး Sinovac ကို အရေးပေါ်သုံးကာကွယ်ဆေးအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က အတည်ပြုပေးလိုက်ပြီဖြစ်ရာ  WHO အသိအမှတ်ပြုမှုရသည့် တရုတ်နိုင်ငံထုတ် COVID 19 ကာကွယ်ဆေး (၂) ခုရှိလာပြီဖြစ်သည်။



 WHO က ၂၀၂၁ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် အတည်ပြုပေးလိုက်သည့်  အဆိုပါကာကွယ်ဆေးမှာ (၂) ကြိမ်ထိုးနှံရမည့် ကာကွယ်ဆေးအမျိုးအစားဖြစ်ပြီး နိုင်ငံအတော်များများတွင် ရောက်ရှိအသုံးပြုနေပြီဖြစ်သည်။



တရုတ်နိုင်ငံထုတ် Sinopharm COVID 19 ကာကွယ်ဆေးကိုလည်း WHO က ပြီးခဲ့သည့်လအတွင်းက အသိအမှတ်ပြုထားပြီးဖြစ်သည်။



ကမ္ဘာ့ကပ်ရောဂါ COVID 19 ကိုထိန်းချုပ်ရေးအတွက် နိုင်ငံအသီးသီးက စမ်းသပ်ထုတ်လုပ်နေသည့် ကာကွယ်ဆေးများကို အများပြည်သူတွင် အသုံးပြုရန် ဘေးကင်းသည့်အဆင့်သတ်မှတ်ချက်များကို စစ်ဆေးပြီး ခွင့်ပြုပေးနေရာ ဥရောပသမဂ္ဂနိုင်ငံများ၊ တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံများမှ ထုတ်လုပ်သည့် COVID 19 ကာကွယ်ဆေးများဖြစ်ကြသည့် Pfizer/BioNTech၊ Moderna။ Johnson & Johnson နှင့် AstraZeneca တို့ကို WHO က အသိအမှတ်ပြုထားပြီးဖြစ်သည်။