ဝမ်းတွင်းမြို့နယ်တွင် စစ်ဗိုလ်နှစ်ဦးနှင့် ပျူစောထီးနှစ်ဦးဖမ်းဆီးရမိ ဗိုလ်တစ်ဦးလွတ်မြောက်သွား

ဝမ်းတွင်းမြို့နယ်တွင် စစ်ဗိုလ်နှစ်ဦးနှင့် ပျူစောထီးနှစ်ဦးဖမ်းဆီးရမိ ဗိုလ်တစ်ဦးလွတ်မြောက်သွား

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၅)ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်မှ ဗိုလ်(၂)ဦးနှင့် ပျူစောထီး(၂)ဦးအား ပြည်သူ့ကာကွယ်ရေးအဖွဲ့(WTRF)အဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့ကို ဝမ်းတွင်းမြို့နယ် အနောက်ဘက်ခြမ်းတွင် ဖမ်းဆီးရမိခဲ့ပြီးနောက် (၄)ဦးလုံးအား ဝပ်လျားမှောက်ခိုင်းထားရာမှ ဗိုလ်ကောင်းမြတ်ဇော်နှင့် အခြားဗိုလ်တစ်ယောက်က ပစ္စတိုဖြင့်ပစ်ခတ်ထွက်ပြေးသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု Wundwin Township Revolution Force က ဆို သည်။

ပစ်ခတ်ဖမ်းဆီးခဲ့ရသဖြင့် ဗိုလ်ကောင်မြတ်ဇော်တွင် ကျည်(၂)ချက်မှန်ဒဏ်ရာနှင့် အမည်မသိဗိုလ်တစ်ဦးမှာ လွတ်မြောက်သွားခဲ့ပြီး ပျူစောထီး(၂)ဦးလည်း သေဆုံးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency