စစ်ကောင်စီတပ် မီးရှို့ခြင်း လက်နက်ကြီးနှင့်ပစ်ခတ်ခြင်းတို့ကြောင့် ကော့ကရိတ်မြို့အတွင်းရှိ နေအိမ်များစွာ ပျက်စီးသွား

စစ်ကောင်စီတပ် မီးရှို့ခြင်း လက်နက်ကြီးနှင့်ပစ်ခတ်ခြင်းတို့ကြောင့် ကော့ကရိတ်မြို့အတွင်းရှိ နေအိမ်များစွာ ပျက်စီးသွား
ဖေဖော်ဝါရီ 27, 2024 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် ကော့ကရိတ်မြို့အတွင်း နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းတို့ကြောင့် နေအိမ်အများအပြား ပျက်စီးသွားပြီဖြစ်ကြောင်း KNU ဗဟိုက ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကော့ကရိတ်မြို့အတွင်း နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများကြောင့် ဒေသခံများ တိမ်းရှောင်နေကြရချိန်တွင် ကော့ကရိတ်မြို့အတွင်းအခြေစိုက် တပ်စွဲနေရာယူထားသော စစ်ကောင်စီတပ် ခလရ(၉၇)၊ ခလရ (၃၄၃)၊ ခလရ(၅၄၈)၊ မခရ(၂၀၇)၊ ခမရ(၂၀၁)နှင့် ခမရ(၂၀၃) တပ်ရင်းတို့က မြို့တွင်းရပ်ကွက်ရှိ နေအိမ်များကိုဖောက်ထွင်း၍ ပစ္စည်းများယူဆောင်သွားခြင်း၊ နေအိမ်၊ ဆိုင်ခန်းများအား မီးတင်ရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းနှင့် ဒရုန်းများဖြင့် ဗုံးကြဲပစ်ခတ်ခြင်းတို့ကြောင့် အပျက်အစီးများနေခြင်းဖြစ်ကြောင်း သိရသည်။

ကော့ကရိတ်မြို့အတွင်း KNLAနှင့် ပူးပေါင်းတပ်များက မြို့တွင်းတိုက်ပွဲများ ဖော်ဆောင်နေရာ မြို့တွင်းနေ ပြည်သူများအား ဘေးလွတ်ရာနေရာဒေသအသီးသီးသို့ ရွှေ့ပြောင်းနေရာချထားပေးပြီး ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Karen National Union