MNDAA တပ်ဖွဲ့ဝင် ၂၈ ဦး ပူးပေါင်းလာဟု စစ်ကောင်စီဝါဒဖြန့်

MNDAA တပ်ဖွဲ့ဝင် ၂၈ ဦး ပူးပေါင်းလာဟု စစ်ကောင်စီဝါဒဖြန့်
စက်တင်ဘာ 30, 2023 | 2021 Military Coup| ရှမ်းမြောက်

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင် (၂၈)ဦး စစ်ကောင်စီနှင့် ပူးပေါင်းလာကြောင်း စစ်ကောင်စီက ယမန်‌နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၉)ရက်နေ့က ထုတ်ပြန်ထားသည်။

MNDAA အဖွဲ့ဝင်(၂၈)ဦးသည် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး လက်နက်၊ ခဲယမ်းများနှင့်အတူ စစ်ကောင်စီနှင့် ပူးပေါင်းလာခြင်းဖြစ်သည်ဟု ဝါဒဖြန့်ထားသည်။

MNDAA တပ်ဖွဲ့ဝင်(၂၈)ဦးတွင် အမျိုးသား(၂၀)ဦးနှင့် အမျိုးသမီး(၈)ဦးတို့ပါဝင်ပြီး လက်နက်ငယ်မျိုးစုံ (၁၂)လက်၊ ကျည်အိမ်မျိုးစုံ (၁၂)ခု၊ ခဲယမ်းမျိုးစုံ(၂၁၇)တောင့်နှင့် လက်ပစ်ဗုံး(၅)လုံးတို့ ပါလာသည်ဟုဆိုသည်။

အဆိုပါ တပ်ဖွဲ့ဝင်များမှာ MNDAA ရဲဘော်များ ဟုတ်၊ မဟုတ်ကိုမူ Tachileik News Agencyက စုံစမ်းနေဆဲဖြစ်ပါသည်။

MNDAAနှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများဖြစ်ပွားနေကာ ပြီးခဲ့သည့် ရက်ပိုင်းက MNDAA ကိုယ်စားလှယ်အဖွဲ့သည် ဝ ပြည်နယ်သို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။

MNDAA သည် ရက္ခိုင်တပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့၏ မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်သည်။

#TachileikNewsAgency