နမ့်ခမ်းရှိ စစ်ကောင်စီတပ်စခန်းများ TNLA သိမ်းပိုက်ရာ စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

နမ့်ခမ်းရှိ စစ်ကောင်စီတပ်စခန်းများ TNLA သိမ်းပိုက်ရာ စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
အောက်တိုဘာ 27, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၃)ခုကို ယနေ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်‌ရေးတပ်မတော်(TNLA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA ထံမှ သိရသည်။  

နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ် ကားလမ်း (၁၃)မိုင် တပ်စခန်း၊ (၁၂)မိုင် တပ်စခန်းနှင့် မန်မိုင်တပ်စခန်း(မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း)တို့ကို  TNLAက  တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် လာရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းနှင့် တိန်တန်တပ်စခန်းတို့ကိုလည်း TNLAက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၈)ဦးနှင့်  M16 (၃)လက်၊ ငါးကြင်းမီး (၁)လက်၊ MA4 (၂)လက်၊ MA3 (၁၁)လက်၊ ၆၀ မမ (၂)လက်၊ ပစ္စတို (၁)လက်၊ လက်ပစ်ဗုံး (၂၀၀)လုံး၊ M9 (၇)လုံး၊ RPG (၅၀)လုံး၊ ၆၀ မမ ဗုံးသီး (၃၀)လုံး၊ ၆၀ မမ ကျည်(၁၀၀)လုံး၊ မိုင်း(၄)လုံး၊ ကျည်ဆံ (၁၀၀၀၀)လုံး(တစ်သောင်းကျော်) စသည့် စစ်အသုံးအဆောင်ပစ္စည်းများစွာကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency