TNLA နှင့် တိုက်ပွဲများဖြစ်နေသည့် ရှမ်းမြောက်တွင် ပြည်သူ့စစ်ကို စစ်ကောင်စီ လက်နက်တပ်ဆင်ပေး

TNLA နှင့် တိုက်ပွဲများဖြစ်နေသည့် ရှမ်းမြောက်တွင် ပြည်သူ့စစ်ကို စစ်ကောင်စီ လက်နက်တပ်ဆင်ပေး
စက်တင်ဘာ 29, 2023 | 2021 Military Coup| ရှမ်းမြောက်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ပြည်သူ့စစ်များကို အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၈)ရက်နေ့တွင် လက်နက်များ တပ်ဆင်ပေးလိုက်ကြောင်း သိရသည်။

TNLA တပ်ဖွဲ့နှင့် ပြီးခဲ့သည့် ဇွန်လကစတင်ကာ တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် နမ်းခမ်းမြို့ ပြည်သူ့စစ်များကို စစ်ကောင်စီက လက်နက်များ တပ်ဆင်ခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ခြင်းများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၀)ရက်နေ့ကလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ ရောက်ရှိလာပြီး ပြည်သူ့စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံစည်းရုံးခဲ့သည်။

TNLA၏ သတင်းထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်၊ မူဆယ်၊ ကျောက်မဲနှင့် လားရှိုးတို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်နှင့် TNLAတို့အကြား စက်တင်ဘာလ တစ်လအတွင်း တိုက်ပွဲပေါင်း (၄၁)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

#TachileikNewsAgency