လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ရေး ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံရန်လိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ဟု  မွန်ပြည်သစ်ပါတီက ဆို

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ရေး ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံရန်လိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ဟု  မွန်ပြည်သစ်ပါတီက ဆို
အောက်တိုဘာ 15, 2022 | 2021 Military Coup| နိုင်ငံရေး

လက်ရှိဖြစ်ပေါ်နေသည့် အကြပ်အတည်းကို ဖြေရှင်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် တွေ့ ဆုံရန်လိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ကို ပြောဆိုခဲ့ကြောင်း မွန်ပြည်သစ်ပါတီက ယနေ့ အောက်တိုဘာလ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ကို အာဏာသိမ်းစစ်ခေါင်းဆောင်းနှင့် မွန်ပြည်သူများက သွားရောက် မတွေ့ဆုံရန် ပြောဆိုနေသည့်ကြားက  အောက်တိုဘာလ (၁၁)ရက်နေ့က တွေ့ဆုံ၍ ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိဖြစ်ပေါ်နေသည့် အကြပ်အတည်း၊ ပဋိပက္ခများဖြေရှင်းနိုင် ရေး၊ ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုဆက်လက် မဖြစ်ပေါ်စေရေးအတွက် ပါဝင်သင့် ပါဝင်ထိုင်သည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံသွား ရန်လိုအပ်ကြောင်း မွန်ပြည်သစ်ပါတီက ဆိုသည်။

ဒါ့အပြင် တိုင်းပြည်တွင် လိုအပ်နေသည့်ငြိမ်းချမ်းရေးအမြန်ဆုံးရရှိရန် စစ်တပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံး တွေ့ဆုံဆွေးနွေးကြရန်လိုအပ်သည်ဟုလည်း ပြောဆိုခဲ့သည်ဟု သိရသည်။