မုံရွာတွင် စစ်ကောင်စီ၏ ဆေးတပ်မှ ဗိုလ်ကြီးတစ်ဦးကို ဒေသကာကွယ်ရေးအဖွဲ့က နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီး

မုံရွာတွင် စစ်ကောင်စီ၏ ဆေးတပ်မှ ဗိုလ်ကြီးတစ်ဦးကို ဒေသကာကွယ်ရေးအဖွဲ့က နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီး
စက်တင်ဘာ 29, 2023 | 2021 Military Coup

 စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက်အနောက် မြောက်တိုင်းစစ်ဌာန ချုပ် နမခ အမှတ် (၂) တပ်မတော်ဆေးရုံမှ ဗိုလ်ကြီးတစ်ဦးကို ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ(၂၉)ရက်နေ့ နံနက်ပိုင်းတွင်  Black Falcon Guerrilla Forces က နေအိမ်အတွင်း ဖမ်းဆီးလိုက်ကြောင်း   သိရသည်။

ဖမ်းဆီးရမိထားသည့် ဗိုလ်ကြီးဆိုသူမှာ အမှတ်(၂) ခုတင်(၇၀၀)ဆံ့ တပ်မတော်ဆေးရုံမှ ဗိုလ်ကြီးအောင်ဖြိုးသိန်းဖြစ်ပြီး ၎င်းအား Black Falcon Guerrilla Forces မှ ယနေ့ နံနက်ပိုင်းတွင် ၎င်း၏ နေအိမ်အ တွင်းသို့ ဝင်‌ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းနှင့်အတူ ဟွန်ဒိုင်းအမျိုးစား အိမ်စီးကားတစ်စီး၊ လက်ကိုင်ဖုန်း နှစ်လုံး၊ Mac book ကွန်ပျူတာ တစ်လုံးတို့ကိုပါ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

၎င်းဗိုလ်ကြီးအား ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး စစ်ကြောင်းထိုး လိုက်လံရှာဖွေနေကြောင်း သိရသည်။