မိုခါမုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရခိုင်ပြည်နယ်သို့ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များကို ပို့ဆောင်

မိုခါမုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရခိုင်ပြည်နယ်သို့ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များကို ပို့ဆောင်

ရခိုင်ပြည်နယ်သို့ မိုခါမုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင် (၄၀၀)ကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်(၁၀၀)ကျော်ကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၉)ရက်နေ့က ပို့ဆောင်လိုက်ကြောင်း စစ်ကောင်စီ၏ ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ရခိုင်ပြည်နယ်သို့ အမှတ်(၂) ရဲလေ့ကျင့်ရေးကျောင်းမှ ရဲအင်အား(၂၇၄)ဦး၊ အမှတ်(၄) ရဲလေ့ကျင့်ရေးကျောင်းမှ (၂၇၄)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် (၁၀၀)ဦး စုစုပေါင်း (၆၄၈)ဦးတို့ကို (ချင်းတွင်း)ရေယာဉ်ဖြင့် ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

၎င်းတို့ကို မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အပါအဝင် မြို့နယ်(၁၇)မြို့နယ်အတွင်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် စေလွှတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မိုခါမုန်တိုင်းသင့်ဒေသများရှိ ပြည်သူများအတွက် အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှုကော်မတီမှပေးပို့သည့် ဆန် (၂၄)ပြည်အိတ် (၃၅,၀၀၀)အိတ်ကိုလည်း ထည့်ပေးလိုက်သည်ဟု သိရသည်။

#TachileikNewsAgency

Photo : Yangon Region Government