မင်းတပ်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှားပါးရစ်မျိုးစိတ်ငှက်များ သေဆုံးပြီး မပေါက်သေးသည့် ဗုံးများ တွေ့ရှိ

 သေဆုံးသွားသော ရှားပါး ရစ်မျိုးစိတ်ကျေးငှက်များ [ Photo: Chin Defence Force - Mindat ]

 ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းကို အာဏာသိမ်း စစ်ကောင်စီ၏ လေတပ်မှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရှားပါး ရစ်မျိုးစိတ်ငှက်များသေဆုံးပြီး မပေါက်ကွဲသေးသည့် ဗုံးများတွေ့ရှိခဲ့ကြောင်း CDF Mindatက ယနေ့ ဧပြီလ( ၁၃ )ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၃ခုနှစ်၊ ဧပြီ (၇)ရက်နေ့က စတင်ကာ ဧပြီလ (၁၂)ရက်နေ့အထိ မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများအထိနာသဖြင့် စစ်ကောင်စီတပ်သည် တိုက်လေယာဥ်ဖြင့် ( ၁၂ )ကြိမ်ဗုံးကြဲခဲ့ရာ ကျေးရွာဘုန်းကြီးကျောင်း ( ၁ )ကျောင်းနှင့် လူနေအိမ် (၁)လုံးထိ ခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဗုံးကြဲခံရပြီးနောက် CDF-Mindat က ဗုံးကြဲခံရသည့် နေရာများကို မြေပြင်ရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ မပေါက်ကွဲဘဲ ကျန်နေခဲ့သည့် ဗုံးဆံများနှင့် ထိခိုက်ပျက်စီး သေဆုံးသွားသော ရှားပါး ရစ်မျိုးစိတ်ကျေးငှက်များကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency