ဖားကန့်တွင် ဆေးခန်းလာပြသည့် ရဲများပစ်ခတ်ခံရ

ဖားကန့်တွင် ဆေးခန်းလာပြသည့် ရဲများပစ်ခတ်ခံရ
စက်တင်ဘာ 21, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာတွင် ဆေးခန်းလာပြသည့် စစ်ကောင်စီတပ်လက်အောက်ခံရဲများ ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့ ညနေပိုင်းက ပစ်ခတ်ခံရပြီး (၂)ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဆိုင်းတောင်ရဲကင်းစခန်းမှ ဆေးခန်းလာပြသည့် ရဲတပ်ဖွဲ့(၆)ဦးခန့် စီးလာသောကားကို ကချင် PDF တပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တပ်ကြပ်ကြီးတစ်ဦးနှင့် ရဲတပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

"သူတို့ဆေးခန်းလာပြချိန် ကားရပ်ထားတော့ ကျွန်တော်တို့က အခွင့်အရေးရသလို လှူပ်ရှားလိုက်တာ။ လက်နက်တွေကတော့ မရလိုက်ဘူး။ မြို့ထဲဖြစ်စဉ်ဖြစ်လို့ ပစ်ခတ်ပြီးတော့ ပြန်ဆုတ်လာခဲ့ကြတာ။"ဟု ဖြစ်စဉ်တွင်ပါဝင်သည့် KPDF ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင်မူ ရဲတပ်ဖွဲ့ဝင်(၃)ဦးအနက် တစ်ဦးသေပြီး တစ်ဦးမှာ စိုးရိမ်ရဒဏ်ရာရရှိထားသည်ဟု ရေးသားထားသည်။

#TachileikNewsAgency