အညာဒေသများတွင်  ကျောင်သား ကလေးငယ်များ သစ်ပင်အောက်နှင့် မြေကြီးပေါ် တို့တွင် ဖြစ်သလို ထိုင်ပြီး စာသင်ကြားနေကြရ

အညာဒေသများတွင်  ကျောင်သား ကလေးငယ်များ သစ်ပင်အောက်နှင့် မြေကြီးပေါ် တို့တွင် ဖြစ်သလို ထိုင်ပြီး စာသင်ကြားနေကြရ

 အညာဒေသ၌ စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုး၊ မီးရှို့နေမှုကြောင့် ကျောင်းသား ကလေးငယ်များ စာသင်ကျောင်းမရှိသဖြင့် သစ်ပင်အောက် မြေကြီးပေါ် တို့တွင်ထိုင်ပြီး စာသင်ကြားနေကြရသည့် မှတ်တမ်းပုံများအား S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ၂၀၂၃ခုနှစ်၊ ဧပြီလ(၂၉)ရက်နေ့တွင် ဖော်ပြလာသည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး၊ မီးရှို့ခံရမှုကြောင့် စာသင်ကျောင်းများစွာ မီးလောင်ပျက်စီးခဲ့ရပြီး ကိုဗစ်ကာလကတည်းက ကျောင်းများပိတ်ခဲ့ရသဖြင့် စာသင်ချိန်များပျက်ခဲ့ရကာ ယခု စစ်ဘေးကာလတွင်လည်း ပညာသင်ကြားခွင့်များ ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

"အညာဒေသမှ မိဘများသည်သာ စိတ်ဓာတ်ပြင်းထန်သည် မဟုတ် ကလေးငယ်များသည်လည်း အလွန်စိတ်ဓာတ်ပြင်းထန်လှသည်။ စာသင်ကျောင်းမရှိရင် သစ်ပင်အောက်မှာ စာသင်ကြတယ်။ စာသင် ခုံမရှိရင် မြေကြီးပေါ် ထိုင်ပြီး စာကိုရအောင်သင်ကြပါတယ်။ သူတို့အတွက် နေရာသင်ထောက်ကူ မရရှိတောင် ရသည့်နေရာမှာ မဖြစ် ဖြစ်အောင် ပညာသင်ကြားကြပါတယ်။"ဟု S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဖော်ပြထားသည်။

 



မီးရှို့ခံရသည့် ကျောင်းများကို ပြန်လည်တည်ဆောက်ပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်းကို S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ကူညီပေးနေရကြောင်းလည်း သိရသည်။



#TachileikNewsAgency

Photo: S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့