ဖိနပ်ကြိုးများ အကောင်းအတိုင်းရှိနေဆဲ နှစ်ပေါင်း (၂,၀၀၀) ကျော် သက်တမ်းရှိ  သားရေဖိနပ် တူးဖော်တွေ့ရှိ

ဖိနပ်ကြိုးများ အကောင်းအတိုင်းရှိနေဆဲ နှစ်ပေါင်း (၂,၀၀၀) ကျော် သက်တမ်းရှိ  သားရေဖိနပ် တူးဖော်တွေ့ရှိ
စက်တင်ဘာ 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ဩစတြီးယားနိုင်ငံတွင် ဖိနပ်ကြိုးများ အကောင်းအတိုင်းရှိနေဆဲ လွန်ခဲ့သည့် နှစ်ပေါင်း (၂,၀၀၀) ကျော်က ကလေးရှူးသားရေဖိနပ်ကို ရှေးဟောင်းသုတေသန ပညာရှင်များ တူးဖော်တွေ့ရှိခဲ့သည်။ 

အဆိုပါ သားရေ ရှူးဖိနပ်ကို ဘီစီ (၂) ရာစုတွင် ပြုလုပ်ခဲ့ဖွယ်ရှိသည်ဟု ယူဆရကြောင်း German Mining Museum က ဆိုသည်။

ရှေးဟောင်းသုတေသန ပညာရှင်များက ရှူးဖိနပ်ကို ဩစတြီးယားမြောက်ပိုင်း Dürrnberg ကျေးရွာတွင် တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

ထိုကျေးရွာတွင် အစောဆုံးအဖြစ် သံခေတ်မှစပြီး ကျောက်ဆားတူးဖော်မှု လုပ်ကိုင်ခဲ့ကြောင်း German Mining Museum ၏ မကြာသေးမီက ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

အော်ဂဲနစ် အကြွင်းအကျန်များကို ထိန်းသိမ်းရာတွင် အထူးကောင်းမွန်သော ဆား၏ဂုဏ်သတ္တိက ယခုတွေ့ရှိရသည့် ရှူးဖိနပ်ကို အလွန်ကောင်းမွန်သည့် အခြေအနေတွင် ထိန်းသိမ်းထားသည်ဟု ယူဆရသည်။

ရှေးဟောင်းသုတေသန ပညာရှင်များက ထိုရှူးဖိနပ်ကို သစ်သားဂေါ်ပြား အကျိုးအပဲ့တစ်ခု အပါအဝင် အခြား အော်ဂဲနစ် အကြွင်းအကျန်များကြားတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

ထို့အတူ သားမွေးခေါင်းဆောင်းတစ်ခုမှ ထွက်လာသည့် သားမွေး အကြွင်းအကျန်ကိုလည်း တွေ့ရှိခဲ့သည်။

#TachileikNewsAgency

Source: CNN