မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် တိုးတက်မှု မရှိသော်လည်း အာဆီယံက လက်လျှော့မည် မဟုတ်ဟုဆို

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် တိုးတက်မှု မရှိသော်လည်း အာဆီယံက လက်လျှော့မည် မဟုတ်ဟုဆို

အာဏာသိမ်း စစ်အုပ်စုက လွန်ခဲ့သည့် (၂) နှစ်တွင် သဘောတူညီထားခဲ့သည့် ငြိမ်းချမ်းရေး အစီအစဥ်နှင့် ပတ်သက်၍ တိုးတက်မှုရှိရန် မလုပ်ဆောင်သည့်တိုင် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ အဆုံးသတ်ရေး ကြိုးပမ်းမှုကို အာဆီယံအဖွဲ့က လက်လျှော့မည် မဟုတ်ကြောင်း အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက ၂၀၂၃ခုနှစ် မေလ (၁၁) ရက်နေ့တွင် ပြောသည်။

အဖွဲ့ဝင် (၁၀) နိုင်ငံ ပါဝင်သည့် အာဆီယံ၏ အဖွဲ့ဝင်နိုင်ငံအချို့ကြား မြန်မာနှင့် ပတ်သက်၍ စိတ်ပျက်နေကြပြီး သွေးထွက်သံယို နိုင်ငံရေးကသောင်းကနင်းဖြစ်မှုကို ကိုင်တွယ်ဆောင်ရွက်ပုံမှာ အာဆီယံအဖွဲ့၏ အကျိုးသက်ရောက်မှုနှင့် စည်းလုံညီညွတ်မှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေခဲ့သည်။ 

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အာဆီယံထိပ်သီးအစည်းအ‌ဝေးတွင် ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ပြီး မြန်မာစစ်ဗိုလ်ချုပ်များက အာဆီယံ ငြိမ်းချမ်းရေး အစီအစဥ် ဘုံသဘောတူညီချက် (၅) ချက်ကို တိုးတက်မှုရှိရန် အကောင်အထည် မဖော်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို သည်းမခံနိုင်ကြောင်းနှင့် အကြမ်းဖက်မှု ရပ်တန့်ပြီး ပြည်သူများကို အကာအကွယ်ပေးရမည်ဟုလည်း ၎င်းက ဆိုသည်။ 

ဂျိုကိုဝီက မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ စည်းလုံးညီညွတ်ရန် တောင်းဆိုခဲ့သည်။ 

"နောက်အဆင့်တွေကို ဆုံးဖြတ်ဖို့ အာဆီယံ စည်းလုံညီညွတ်မှု လိုအပ်ပါတယ်" ဟု အင်ဒိုနီးရှားသမ္မတက ပြောသည်။

"ကျနော်တို့ လုပ်သင့်တာက အကြမ်းဖက်မှု မရှိတာ သေချာစေဖို့ ဖြစ်တယ်။ ဒါက အဓိက အချက်ပဲ။ ပြောကြတာရှိပါတယ်။ ပြေးနေတဲ့ ပန်းတိုင်ကို ရောက်ချင်တယ်ဆိုရင် တကယ်လို့ မပြေးနိုင်ရင် လမ်းလျှောက်သွားပါ။ လမ်းမလျှောက်နိုင်ရင် တွားသွားပါ။ ရှေ့ကို ရွေ့နေသမျှ တိုးတက်မှုရှိပါတယ်" ဟု ဂျိုကိုဝီက ဆိုသည်။

Source: Reuters