ကယားပြည်နယ် ဒီးမော့ဆိုမြို့မရဲစခန်းကို PDF အဖွဲ့များ တိုက်ခိုက် 

ကယားပြည်နယ် ဒီးမော့ဆိုမြို့မရဲစခန်းကို PDF အဖွဲ့များ တိုက်ခိုက် 

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့မရဲစခန်း အနောက်ဖက်ခြမ်းအား ယနေ့ ၂၀၂၁ခုနှစ် မေလ(၂၁)ရက်နေ့ ညနေ (၃)နာရီကျော်က ပြည်သူ့ကာကွယ်ရေးတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ကျွန်တော်တို့ ညနေ (၃)နာရီ (၁၃)လောက်မှာ ရဲစခန်းအနောက်ဖက်အခြမ်းပေါ့ အဲ့ကို ဝင်တိုက်တယ်။ ဆယ်မိနစ်လောက်ပဲ ကြာတယ်။ ကျွန်တော်တို့ဖက်တော့ အထိခိုက်တစ်ယောက်မှ မရှိဘူး။ သူတို့တော့ရှိ နိုင်တယ်။ သေနတ်ရယ် ဗုံးရယ်နဲ့ ကျွန်တော်တို့ တိုက်ခိုက်ခဲ့တယ်။ ဗုံးတော့ မှန်လောက်တယ်။ သူတို့ဖက်က​တော့ သေနတ်နဲ့ ရမ်းသမ်းပြီး ပြန်ပစ်တာတော့ရှိတယ်။

ဟု ကိုယ်တိုင်ပါဝင်နေသူ လူငယ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောသည်။ 

ဒီးမော့ဆိုမြို့နယ်အတွင်း ရပ်ကွက်များအတွင်း အာဏာသိမ်းအဖွဲ့များမှ လိုက်လံဖမ်းဆီးရှာဖွေ ပစ်ခက်မှုများ လုပ်​ဆောင်နေခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) များမှလည်း ဒီးမော့ဆိုမြို့မရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည်။  

ဒီးမော့ဆိုမြို့ နယ် မားနာပလော့ ရပ်ကွက်ခံတပ်အား မေလ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ မှ ဝင်ရောက်ကျူးကျော်လာခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ခုခံရင်း တိုက်ပွဲများ နေရာအနှံ့ဖြစ်လာခြင်းဖြစ်ပြီး နှစ်ဖက် အကျအဆုံးစာရင်းများကိုတော့ ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။