တောင်ကြီး၊ ရွာငံ၊ အေးသာယာနှင့် လွိုင်ကော်မှ အတည်ပြုလူနာ (၈)ဦးတွေ့ရှိ

တောင်ကြီး၊ ရွာငံ၊ အေးသာယာနှင့် လွိုင်ကော်မှ အတည်ပြုလူနာ (၈)ဦးတွေ့ရှိ
နိုဝင်ဘာ 6, 2020
By Tachileik News Agency
တောင်ကြီး၊ ရွာငံ၊ အေးသာယာနှင့် လွိုင်ကော်မှ အတည်ပြုလူနာ (၈)ဦးတွေ့ရှိ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၌ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့တွင် ဓာတ်ခွဲနမူနာ (၄၃၃)ခု၏ ဓာတ်ခွဲအဖြေကို ထုတ်ပြန်ရာ တောင်ကြီး၊ အေးသာယာ၊ ရွာငံနှင့် လွိုင်ကော်မှ အတည်ပြုလူနာ (၈)ဦး ပါဝင်လာသည်။
ယနေ့ထပ်တိုးလာသည့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ ရွာငံ၊ အေးသာယာနှင့် ကယားပြည်နယ် လွိုင်ကော်မြို့တို့မှ အတည်ပြုလူနာ (၈)ဦးမှာ အသွားအလာကန့်သတ်ထားသူများဖြစ်ကြောင်း သိရသည်။
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၌ နိုဝင်ဘာလ (၅)ရက်နေ့က စစ်ဆေးပြီး နိုဝင်ဘာလ (၆)ရက်နေ့၌ ထုတ်ပြန်ခဲ့သော ဓာတ်ခွဲအဖြေများမှာ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်မှ ပေးပို့ထားသည့် ဓာတ်ခွဲနမူနာများအား စစ်ဆေးချက်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~