ချမ်းမြသာစည်မြို့နယ် ကုန်းလမ်းပို့ဆောင်ရေးရုံးကို ဗုံးပစ်တိုက်ခိုက်

ချမ်းမြသာစည်မြို့နယ် ကုန်းလမ်းပို့ဆောင်ရေးရုံးကို ဗုံးပစ်တိုက်ခိုက်
စက်တင်ဘာ 12, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် လမ်း (၆၀)နှင့် (၁၀၂) လမ်းထောင့်ရှိ စစ်ကောင်စီ၏ ပြည်တွင်းအခွန်ရုံး(ကုန်းလမ်းပို့ဆောင်ရေး)အား ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့ ညနေပိုင်းတွင် “No More Dictatorship People Defence Force – NMD”အဖွဲ့က ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ဗုံးပစ်တိုက်ခိုက်ချိန်တွင် ၎င်းရုံးအတွင်းမှ လက်နက်ငယ်ဖြင့် တစ်ချက် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း No More Dictatorship People Defence Force – NMD အဖွဲ့ဝင် ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။ 

စစ်ကောင်စီသည် ဆိုင်ကယ်၊ ကားလိုင်စင်အခွန်ဆောင်စေရန် အတင်းအဓမ္မ ဖိအားပေးနေပြီး ဆိုင်ကယ်၊ ကားလိုင်စင်များကို လာမည့် စက်တင်ဘာလ (၁၃)ရက်နေ့ နောက်ပိုင်းမှစ၍ အခွန်(၃)ဆ တိုးကောက်မည်ဖြစ်သဖြင့် ပြည်တွင်းအခွန်ရုံး(ကုန်းလမ်းပိုဆောင်ရေး)အား No More Dictatorship People Defence Force – NMDက ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် မတရားအာဏာသိမ်းပြီးချိန်မှစ၍ ပြည်သူများအား အမျိုးမျိုး ညှင်းပန်းနှိပ်စက်၍ ဒုက္ခပေးနေပြီး ပြည်သူများ၏ အိုးအိမ်များ သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်းများအပြင် အခွန်ဆိုင်ရာ ဘဏ္ဍာများဖြင့်လည်း မျိုးစုံဒုက္ခပေးနေခြင်းကြောင့်လည်း ယင်းသို့တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်မှုနှင့် ပျက်စီးမှုအခြေအနေကိုမူ မသိရသေးပါ။

#TachileikNewsAgency